9 20 696x434

ခြေသလုံးကြီးသူတွေ အတွက် အထိရောက်ဆုံး ခြေသလုံးသွယ်လျစေမယ့် လေ့ကျင့်ခန်း (၆) မျိုး …

တစ်ကိုယ်လုံးလှနေပါပြီဆိုမှ ခြေသလုံးတွေမှ တုတ်နေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဖြစ်နေတဲ့ သူလေးတွေ ရှိနေလား။ ခြေသလုံးကိတ်နေတာလေးကို သွယ်လျသွားစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်းလေးတွေကို အခုပဲကြည့်ပြီး ဒီနေ့ကစလို့ နေ့တိုင်းလုပ်လိုက်တော့နော်။

(၁) ခြေဖျားထောက်မယ် …

လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် ရေသန့်ဘူးသေးတစ်ဘူးစီ ကိုင်ပြီး ခြေစုံရပ်ပါ။ နေရာမှာတင် ခြေဖျားထောက်လိုက်၊ ပြန်ချလိုက် အခါ (၂၀) လုပ်ပေးပါ။

(၂) ခြေဖျားထောက်ပြီးလမ်းလျှောက်မယ် …

လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် ရေသန့်ဘူးသေးတစ်ဘူးစီကိုင်ပြီး ခြေဖျားထောက်ပြီး တစ်မိနစ်လောက်လမ်းလျှောက်ပေးပါ။ ခန နားပြီး နောက်ထပ် တစ်မိနစ်ထပ်လျှောက်ပေးပါ။

(၃) လှေကားပေါ်ပြေးတက်ပါ …

လှေကားပေါ် ပြေးတက်တာကို ၁၀ မိနစ်လောက်လုပ်ပေးရမှာပါ။ လှေကားရှိတဲ့နေရာတိုင်းလုပ်လို့ရတာကြောင့် လွယ်ကူတဲ့လေ့ကျင့်ခန်းဖြစ်ပြီး အကျိုးသက်ရောက်မှုလည်း အရမ်းကောင်းပါတယ်။ ဒါပေမယ့် ခြေကျင်းဝတ်အဆစ်လွဲဖူးသူ၊ ဒူးနာတတ်တဲ့သူတွေကတော့ ဒီလေ့ကျင့်ခန်းကို မလုပ်သင့်ပါဘူး။

(၄) အလေးတုံးမပြီးလမ်းလျှောက်မယ် …

လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် အလေးချိန်ရှိတဲ့တစ်ခုခုကို ကိုင်ပြီး လမ်းလျှောက်ပေးရမှာပါ။ ခြေဖျားထောက်စရာမလိုဘဲ ခန္ဓာကိုယ်ကိုဖြောင့်ဖြောင့်ထားပြီး ရှေ့တည့်တည့်ကိုကြည့်ပြီးလျှောက်ပေးရုံပါပဲ။ ၁၅ မိနစ်လောက် လျှောက်ပေးရုံနဲ့ထိရောက်မှုရှိတာကို တွေ့ရမှာပါ။

(၅) ကြိုးခုန်မယ် …

ကြိုးခုန်တာက ခြေသလုံးတွေကို လှပစေရုံတင်မကဘဲ နှလုံးကျန်းမာရေးကိုလည်းကောင်းစေတာကြောင့် ကိုယ်ကြိုက်တဲ့သီချင်းလေးဖွင့်ပြီး မိနစ်နှစ်ဆယ်လောက်ကြိုးခုန်ပေးလိုက်ပါလို့။

(၆) တောင်တက်လေ့ကျင့်ခန်း …

ပုံမှာပြထားသလို နေလိုက်ပြီး ခြေထောက်တွေကို တောင်တက်သလိုမျိုး လုပ်ပေးရမှာပါ။ ခြေထောက်တစ်ချောင်းကို ရင်ဘတ်နားကိုကပ်လိုက်ပြီး အနောက်ဘက်ပြန်လှမ်းလိုက်တဲ့အချိန်မှာ နောက်ခြေထောက်တစ်ဖက်ကို ရင်ဘတ်နားကပ်လိုက်ပြီး အနောက်ဘက်လှမ်းတဲ့ပုံစံမျိုး တလှည့်စီလုပ်ပေးလိုက်ရုံပါပဲ။

MAY THAZINHTOO

Facebook Comments