3
နှလုံးခွဲစိတ်လူနာ အသက်ကယ်ပေးကြပါ။
လေးရှီးမြို့နေ မမီမီသန်းကနှလုံးမကောင်းလို့ခွဲစိတ်ခဲ့ရတဲ့နှလုံးရောဂါသည် တစ်ဦးပါ။ ဒီသွေးခဲနှုန်းတိုင်းတဲ့စက်လေးနဲ့လေရှီးဆေးရုံကဆရာဝန်က စစ်ဆေးပြီးအဖြေကိုဖတ်ပြီးမှသောက်ရတဲ့ဆေးအတိုးအလျော့လုပ်လို့ရတာလို့ သိရပါတယ်။
2019 10 02 185246
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဒီစက်ကို သူမ မဝယ်နိုင်လို့ (ONE TO ONE လူနာကူညီရေး- ကိုဝမ်း ) ဆီကို အကူအညီတောင်းရာက ရှမ်းဖက်ရိပ်သာမိသားစုမှသိသွားလို့ တစ်ဦးတည်းလှုဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ အခုဒီစက်လေးပျက်သွားလို့ (ONE TO ONE လူနာကူညီရေး- ကိုဝမ်း ) ဆီပြန်ရောက်လာလို့ ညီလေးကိုအောင်က ပြင်ပေးလို့ပြန်ကောင်းသွားပါပြီ။
2019 10 02 185226
ဒါပေမယ့်စက်ထဲထည့်အသုံး ပြုရတဲ့ Strip ချောင်းတွေက ကုန်သွားလို့ ကုမ္ပဏီကို စုံစမ်း ကြည့်ရာ Strip ၂၄ချောင်းပါတစ်ဘူးကိုနှစ်သိန်းသုံးသောင်း ကျပ်ရှိတယ်လို့သိရပါတယ်။ ဒီ Strip တွေမရှိရင် လူနာရဲ့ သွေးခဲနှုန်းမတိုင်းနိုင်တော့ပါဘူး ဒါဆိုရင်လူနာကိုပေးရမယ့် ဆေးပမာဏကိုမသိနိုင်တော့ပါဘူး အဲ့ဒီအခါကျရင်လူနာရဲ့ အသက်အန္တရယ်စိုးရိမ်ရပါတယ် ကူညီပေးကြပါဦးဗျ။
လှူနိုင်တဲ့ အလှူရှင်များ က (ONE TO ONE လူနာကူညီရေး – ကိုဝမ်း ) ဖုန်း ၀၉၇၆၅၇၆၅၁၇၉ ။ မန္တလေးမြို့။ ကိုဆက်သွယ် လှူဒါန်းနိုင်ပါသည်။ မလှူနိုင်သေးတဲ့ AlinnMyay(အလင်းမြေ) ပရိသတ်ကြီးများကလည်း တတ်နိုင်သလောက် မျှဝေပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
(ONE TO ONE လူနာကူညီရေး – ကိုဝမ်း ) ဖုန်း ၀၉၇၆၅၇၆၅၁၇၉ ။ မန္တလေးမြို့
————————–
#AlinnMyay(အလင်းမြေ)
#AlinnMyay(အလင်းမြေ)
Facebook Comments