23232 696x434

အမ်ဳိးသမီးေတြ အမွတ္တမဲ့လုပ္မိေနတဲ့ အႏၱရာယ္ရိွတဲ့အရာမ်ား …

1) မိန္းမကိုယ္ကို ဆပ္ျပာျဖင့္ ေဆးေၾကာျခင္း …

လုံးဝ ဆပ္ျပာကို မသုံးသင့္ပါဘူး ။ ေရသီးသန႔္နဲ႔ ေဆးရင္ လုံေလာက္ပါပီ ။ ဆပ္ျပာမွာ ပါဝင္တဲ့ ဓါတ္ေတြက ျပင္းတာေၾကာင့္ မိန္းမကိုယ္ က်န္းမာေရးအတြက္ မလိုလား အပ္တာေတြ ျဖစ္လာနိုင္ပါတယ္။

အထူးသျဖင့္ အေမႊးနံ့ ပါတဲ့ ဆပ္ျပာမ်ိဳးေတြကို လုံး၀ မသုံးသင့္ပါဘူး ။

အမ်ိဳးသမီး အဂၤါကို ေဆးေၾကာဖို႔ အတြက္ ေရတစ္ခုတည္းနဲ႔တင္ လုံေလာက္မွု ရွိပါတယ္ ။ မိန္းမကိုယ္ သန႔္စင္ရည္ေတြကို အသုံးျပဳမယ္ ဆိုရင္လည္း မနက္တစ္ႀကိမ္ ၊ ညတစ္ႀကိမ္သာ သုံးေပးပါ။

2) လစဥ္သုံး ပစၥည္းကို မလဲဘဲ တစ္ေန႔လုံး သုံးျခင္း …

အမ်ိဳးသမီးမ်ား ဓမၼတာလခ်ိန္တြင္ သုံးတဲ့ လစဥ္သုံး ပစၥည္းေတြဟာ အၾကာႀကီး မထားသင့္ပါဘူး ။ အနည္းဆုံး ၅ နာရီျခား တစ္ခါ လဲဖယ္ေပး သင့္ပါတယ္ ။

ဓမၼတာ လာခ်ိန္မွာ မ်ားစြာေသာ ဘက္တီးရီးယား ပိုးမႊားေတြနဲ႔ ပိုးမႊားကူးစက္မွုေတြ ျဖစ္ေနနိုင္ပါတယ္ ။

ဒီလို လစဥ္သုံး ပစၥည္းတစ္ခုကို မလဲဖယ္ဘဲ တစ္ေန႔လုံး ခံထားမယ္ ဆိုရင္ မိန္းမကိုယ္ အတြက္ ထိခိုက္နိုင္ပါတယ္ ။ သင္ဟာ ရာသီေသြး ဆင္းမွု နည္းတတ္ရင္ေတာင္ လဲဖယ္ေပး သင့္ပါတယ္ ။ မႏွေမ် ာပါႏွင့္ ။

3) ဘရာဝတ္ၿပီး အိပ္ျခင္း …

ဘရာဇီယာ ဝတ္ဆင္ပီး အိပ္ထားျခင္းက အႏၲရာယ္ မ်ားပါတယ္ ။ သင့္ရဲ့ရင္သား တစ္သၽွဴးေတြကို ထိခိုက္နိုင္ၿပီး ေသြးလည္ပတ္မွု အေႏွာင့္အယွက္ ျဖစ္ေစနိုင္ပါတယ္ ။

ဒါ့အျပင္ ရင္သား နာၾကင္မွုေတြ ႏွင့္ တင္းက်ပ္လြန္းတဲ့ ဘရာေတြက ရင္သား ကင္ဆာအထိ ျဖစ္နိုင္ပါတယ္ ။

ဒါ့ေၾကာင့္ အိပ္ေနစဥ္မွာ ဘရာခၽြတ္ပီး အိပ္စက္ၾကဖို႔ အႀကံျပဳ တိုက္တြန္းလိုက္ပါတယ္။

4) ဘရာကို တစ္ခါ ဝတ္ၿပီး တစ္ခါေလၽွာ္ျခင္း …

သင္ဟာ ဘရာဇီယာကို တစ္ခါဝတ္ပီးတိုင္း ေလၽွာ္တတ္သူလား ။ ဒါဆိုရင္ေတာ့ သင့္ရဲ့ ဘရာဟာ ေစာေစာစီးစီး ပ်က္စီးပါလိမ့္မယ္ ။ အခုေျပာမယ့္ အေၾကာင္းအရာကို လုံးဝ ယုံၾကည္လိုက္ပါ ။

ဘရာ တစ္ထည္ကို ၃ ခါ ဝတ္ၿပီးမွ ေလၽွာ္တာ အေကာင္းဆုံး ပါပဲ ။ မၾကာခဏ ေလၽွာ္ေနရင္ သင့္ရဲ့ ဘရာ ပုံပန္း သ႑န္ဟာ ပ်က္ယြင္းၿပီး သင့္ရဲ့ ရင္သား အလွကို ထိခိုက္ လာနိုင္ပါတယ္။

5) ေႏြရာသီမွာ ဘရာအမဲေရာင္ ဝတ္ဆင္ျခင္း …

အေၾကာင္းျပခ်က္ ကေတာ့ ရိုးရွင္းပါတယ္ ။ အမဲေရာင္ ဘရာဇီယာကို ပူတဲ့ရာသီမွာ ဝတ္ဆင္ျခင္းက သင့္ကို ပိုပီး ပူေလာင္ေစနိုင္ပါတယ္။

ဒါ့ေၾကာင့္ အျဖဴေရာင္ (သို႔) အျခားေသာ အေရာင္ေဖ်ာ့ ၊ ပန္းပြင့္ ဘရာေတြကို ဝတ္ဆင္ေပးတာက ပိုပီး ေကာင္းပါတယ္။

6) ေအာက္ခံ သံကြင္း (or) ဝါယာပါတဲ့ ဘရာမ်ား ဝတ္ဆင္ျခင္း …

အမ်ိဳးသမီး အမ်ားစုဟာ ေအာက္ခံသံကြင္း ပါတဲ့ ဘရာေတြကို ဝတ္ရတာ ပိုၿပီး ႏွစ္သက္ သေဘာက် ၾကပါတယ္ ။

ဒီလို ဘရာေတြဟာ ဝတ္ဆင္လၽွင္ ပိုၿပီး ပုံက် လွပေပမယ့္ က်န္းမာေရး ရွုေထာင့္ အရေတာ့ မေကာင္းမြန္ပါဘူး ။

မၾကာခဏ ဝတ္ဆင္မယ္ ဆိုရင္ေတာ့ အေရျပား ယားယံျခင္း ၊ နာၾကင္ျခင္း ၊ ေသြးလွည့္ပတ္မွု မေကာင္းျခင္း ၊ ရင္သားမွာ မွိုျဖစ္ျခင္း စသည္တို႔ ျဖစ္တတ္ပါတယ္ ။

ေန႔စဥ္ ဝတ္တတ္တဲ့ အက်င့္ကို ေရွာင္ၾကဥ္ၿပီး သင့္ရင္သားကို ေကာင္းမြန္စြာ အသက္ရွူခြင့္ ေပးလိုက္ပါ။

7) ခ်ိဳင္းလိမ္းဆီ သုံးျခင္း …

ခ်ိဳင္းလိမ္းဆီ သုံးစြဲမွုမ်ားျခင္းက ရင္သား ကင္ဆာအထိ ျဖစ္နိုင္ပါတယ္။

ခ်ိဳင္းလိမ္းဆီေတြဟာ အႏၲရာယ္မ်ားတဲ့ ဓာတု အဆိပ္အေတာက္ ေတြနဲ႔ ျပဳလုပ္ထားတာေၾကာင့္ အေရျပားေပၚ တိုက္ရိုက္ ထိေတြ႕လိုက္လၽွင္ သင့္ရဲ့ေသြးတြင္းမွာ အဆိပ္အေတာက္ေတြ ျဖစ္လာနိုင္ပါတယ္ ။

ဒါေ့ၾကာင့္ လိမ္းမယ္ ဆိုရင္ အဝတ္အစားဝတ္ၿပီးမွ အျပင္ဘက္ လိမ္းပါ ။ ဘယ္ေလာက္ပဲ အႏၲရာယ္မရွိပါဘူး ဆိုဆို အဝတ္အစား ဝတ္ၿပီးမွသာ အျပင္ဘက္ အသုံးျပဳေပးပါ။

8) ေနပူထဲသို႔ အကာအကြယ္မဲ့ ထြက္ျခင္း …

အမ်ားအားျဖင့္ ေနပူထဲ ထြက္တဲ့အခါ ေခါင္းနဲ႔ လက္ေတြကို ေနမထိေအာင္ ဖုံးအုပ္ထား တတ္ၾကပါတယ္ ။

သို႔ေသာ္လည္း ခရမ္းလြန္ ေရာင္ျခည္ဟာ အေရျပားကို ေလာင္ကၽြမ္းၿပီး အေရျပားကင္ဆာအထိ ျဖစ္လာနိုင္ပါတယ္ ။

ဒါ့ေၾကာင့္ ေနပူထဲ ထြက္တဲ့အခါမွာ sunscreen လိမ္းပါ ။ ခႏၶာကိုယ္အႏွံ့ ေနေရာင္ မထိေအာင္ အတတ္နိုင္ဆုံး ဖုံးအုပ္ထားပါ။

အထက္ပါ အက်င့္ဆိုးေတြ ၊အျပဳအမူေတြကို မလုပ္မိၾကေစဖို႔ အမွန္တကယ္ ေမၽွာ္လင့္ပါတယ္ ။ လုပ္မိေနသူမ်ား အေနျဖင့္လည္း မေကာင္းမွန္း သိသြားလို႔ ဆင္ျခင္နိုင္ၾကမယ္ ထင္ပါတယ္။

Credit: ေဒါက္တာသုတ

Unicode

——————————

1) မိန်းမကိုယ်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း …

လုံးဝ ဆပ်ပြာကို မသုံးသင့်ပါဘူး ။ ရေသီးသန့်နဲ့ ဆေးရင် လုံလောက်ပါပီ ။ ဆပ်ပြာမှာ ပါဝင်တဲ့ ဓါတ်တွေက ပြင်းတာကြောင့် မိန်းမကိုယ် ကျန်းမာရေးအတွက် မလိုလား အပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် အမွှေးနံ့ ပါတဲ့ ဆပ်ပြာမျိုးတွေကို လုံး၀ မသုံးသင့်ပါဘူး ။

အမျိုးသမီး အင်္ဂါကို ဆေးကြောဖို့ အတွက် ရေတစ်ခုတည်းနဲ့တင် လုံလောက်မှု ရှိပါတယ် ။ မိန်းမကိုယ် သန့်စင်ရည်တွေကို အသုံးပြုမယ် ဆိုရင်လည်း မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်သာ သုံးပေးပါ။

2) လစဉ်သုံး ပစ္စည်းကို မလဲဘဲ တစ်နေ့လုံး သုံးခြင်း …

အမျိုးသမီးများ ဓမ္မတာလချိန်တွင် သုံးတဲ့ လစဉ်သုံး ပစ္စည်းတွေဟာ အကြာကြီး မထားသင့်ပါဘူး ။ အနည်းဆုံး ၅ နာရီခြား တစ်ခါ လဲဖယ်ပေး သင့်ပါတယ် ။

ဓမ္မတာ လာချိန်မှာ များစွာသော ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ပိုးမွှားကူးစက်မှုတွေ ဖြစ်နေနိုင်ပါတယ် ။

ဒီလို လစဉ်သုံး ပစ္စည်းတစ်ခုကို မလဲဖယ်ဘဲ တစ်နေ့လုံး ခံထားမယ် ဆိုရင် မိန်းမကိုယ် အတွက် ထိခိုက်နိုင်ပါတယ် ။ သင်ဟာ ရာသီသွေး ဆင်းမှု နည်းတတ်ရင်တောင် လဲဖယ်ပေး သင့်ပါတယ် ။ မနှမျေ ာပါနှင့် ။

3) ဘရာဝတ်ပြီး အိပ်ခြင်း …

ဘရာဇီယာ ဝတ်ဆင်ပီး အိပ်ထားခြင်းက အန္တရာယ် များပါတယ် ။ သင့်ရဲ့ရင်သား တစ်သျှူးတွေကို ထိခိုက်နိုင်ပြီး သွေးလည်ပတ်မှု အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ် ။

ဒါ့အပြင် ရင်သား နာကြင်မှုတွေ နှင့် တင်းကျပ်လွန်းတဲ့ ဘရာတွေက ရင်သား ကင်ဆာအထိ ဖြစ်နိုင်ပါတယ် ။

ဒါ့ကြောင့် အိပ်နေစဉ်မှာ ဘရာချွတ်ပီး အိပ်စက်ကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

4) ဘရာကို တစ်ခါ ဝတ်ပြီး တစ်ခါလျှော်ခြင်း …

သင်ဟာ ဘရာဇီယာကို တစ်ခါဝတ်ပီးတိုင်း လျှော်တတ်သူလား ။ ဒါဆိုရင်တော့ သင့်ရဲ့ ဘရာဟာ စောစောစီးစီး ပျက်စီးပါလိမ့်မယ် ။ အခုပြောမယ့် အကြောင်းအရာကို လုံးဝ ယုံကြည်လိုက်ပါ ။

ဘရာ တစ်ထည်ကို ၃ ခါ ဝတ်ပြီးမှ လျှော်တာ အကောင်းဆုံး ပါပဲ ။ မကြာခဏ လျှော်နေရင် သင့်ရဲ့ ဘရာ ပုံပန်း သဏ္ဍန်ဟာ ပျက်ယွင်းပြီး သင့်ရဲ့ ရင်သား အလှကို ထိခိုက် လာနိုင်ပါတယ်။

5) နွေရာသီမှာ ဘရာအမဲရောင် ဝတ်ဆင်ခြင်း …

အကြောင်းပြချက် ကတော့ ရိုးရှင်းပါတယ် ။ အမဲရောင် ဘရာဇီယာကို ပူတဲ့ရာသီမှာ ဝတ်ဆင်ခြင်းက သင့်ကို ပိုပီး ပူလောင်စေနိုင်ပါတယ်။

ဒါ့ကြောင့် အဖြူရောင် (သို့) အခြားသော အရောင်ဖျော့ ၊ ပန်းပွင့် ဘရာတွေကို ဝတ်ဆင်ပေးတာက ပိုပီး ကောင်းပါတယ်။

6) အောက်ခံ သံကွင်း (or) ဝါယာပါတဲ့ ဘရာများ ဝတ်ဆင်ခြင်း …

အမျိုးသမီး အများစုဟာ အောက်ခံသံကွင်း ပါတဲ့ ဘရာတွေကို ဝတ်ရတာ ပိုပြီး နှစ်သက် သဘောကျ ကြပါတယ် ။

ဒီလို ဘရာတွေဟာ ဝတ်ဆင်လျှင် ပိုပြီး ပုံကျ လှပပေမယ့် ကျန်းမာရေး ရှုထောင့် အရတော့ မကောင်းမွန်ပါဘူး ။

မကြာခဏ ဝတ်ဆင်မယ် ဆိုရင်တော့ အရေပြား ယားယံခြင်း ၊ နာကြင်ခြင်း ၊ သွေးလှည့်ပတ်မှု မကောင်းခြင်း ၊ ရင်သားမှာ မှိုဖြစ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ် ။

နေ့စဉ် ဝတ်တတ်တဲ့ အကျင့်ကို ရှောင်ကြဉ်ပြီး သင့်ရင်သားကို ကောင်းမွန်စွာ အသက်ရှူခွင့် ပေးလိုက်ပါ။

7) ချိုင်းလိမ်းဆီ သုံးခြင်း …

ချိုင်းလိမ်းဆီ သုံးစွဲမှုများခြင်းက ရင်သား ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။

ချိုင်းလိမ်းဆီတွေဟာ အန္တရာယ်များတဲ့ ဓာတု အဆိပ်အတောက် တွေနဲ့ ပြုလုပ်ထားတာကြောင့် အရေပြားပေါ် တိုက်ရိုက် ထိတွေ့လိုက်လျှင် သင့်ရဲ့သွေးတွင်းမှာ အဆိပ်အတောက်တွေ ဖြစ်လာနိုင်ပါတယ် ။

ဒါေ့ကြာင့် လိမ်းမယ် ဆိုရင် အဝတ်အစားဝတ်ပြီးမှ အပြင်ဘက် လိမ်းပါ ။ ဘယ်လောက်ပဲ အန္တရာယ်မရှိပါဘူး ဆိုဆို အဝတ်အစား ဝတ်ပြီးမှသာ အပြင်ဘက် အသုံးပြုပေးပါ။

8) နေပူထဲသို့ အကာအကွယ်မဲ့ ထွက်ခြင်း …

အများအားဖြင့် နေပူထဲ ထွက်တဲ့အခါ ခေါင်းနဲ့ လက်တွေကို နေမထိအောင် ဖုံးအုပ်ထား တတ်ကြပါတယ် ။

သို့သော်လည်း ခရမ်းလွန် ရောင်ခြည်ဟာ အရေပြားကို လောင်ကျွမ်းပြီး အရေပြားကင်ဆာအထိ ဖြစ်လာနိုင်ပါတယ် ။

ဒါ့ကြောင့် နေပူထဲ ထွက်တဲ့အခါမှာ sunscreen လိမ်းပါ ။ ခန္ဓာကိုယ်အနှံ့ နေရောင် မထိအောင် အတတ်နိုင်ဆုံး ဖုံးအုပ်ထားပါ …။

အထက်ပါ အကျင့်ဆိုးတွေ ၊အပြုအမူတွေကို မလုပ်မိကြစေဖို့ အမှန်တကယ် မျှော်လင့်ပါတယ် ။ လုပ်မိနေသူများ အနေဖြင့်လည်း မကောင်းမှန်း သိသွားလို့ ဆင်ခြင်နိုင်ကြမယ် ထင်ပါတယ်။

Credit: ဒေါက်တာသုတ …

Facebook Comments