1 75 696x434

မကြာခဏ ဝမ်းချုပ် ​တတ်​သူများအတွက်​ အိမ်တွင်းနည်းလမ်း​ကောင်း …







ဂျင်းလက်ဖက်ရည် …




မုန့်ဖုတ်ဆိုဒါ …




သံပုရာရေ …




Unicode

—————————–

ဝမ်းချုပ်ခြင်းကို လူတိုင်းလိုလို ခံစားကြရပါတယ်။ လူ၂၀ရာခိုင်နှုန်းခန့်က ဝမ်းချုပ်ခြင်းကို အသံမထွက်ဘဲ ခံစားရတယ်လို့ခန့်မှန်းတွက်ချက်ထားကြပါတယ် …။

နေထိုင်မှုဘဝပုံစံပြောင်းလဲတာကြောင့်၊ စားသောက်လွန်းတာကြောင့် မကြာခဏ ဝမ်းချုပ်တာဖြစ်ပါတယ်။ အကြောင်းအရင်းသေချာမသိဘဲ ဝမ်းချုပ်တာမျိုးတွေလဲရှိပါတယ်။

ဝမ်းချုပ်ခြင်းသက်သာသွားအောင် အိမ်တွင်းနည်းနဲ့ ကုသပေးလို့ရပါတယ်။ ထို အိမ်တွင်းနည်းတွေက သင့်ကို လျင်လျင်မြန်မြန်သက်သာသွားစေမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီအနှစ်များ ပါဝင်ပါ …

အဆီက ကျန်းမာရေးအတွက် အမြဲတမ်းတော့ မကောင်းပါဘူး။ ဆီကတော့ သင့်တင့်မျှတတဲ့တစ်နေ့တာအစားအစာအတွက် အရေးကြီးပါတယ် …။

သံလွင်ဆီ၊ ကြက်ဆူဆီတွေက သင့်ခန္ဓာကိုယ်အတွက် မယုံကြည်နိုင်လောက်အောင် ကောင်းပါတယ်။ ဒီဆီတွေက အူတွေကို ကိုက်ညီအောင် ကူညီပေးပြီး အူမကြီး လှုပ်ရှားမှုတွေကို ထိန်းပေးပါတယ်။

ဂျင်းလက်ဖက်ရည် …

လက်ဖက်ရည်က ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဝမ်းချုပ်ခြင်းအတွက် အကူအညီဖြစ်စေတဲ့ကုသနည်းက မီးဖိုချောင်က လာတာဖြစ်ပါတယ်။

ပူစီနံ၊ ဂျင်းတို့က အစွမ်းထက်တဲ့အင်ဇိုင်းဓာတ်တွေ ပါဝင်တဲ့အတွက် အစာခြေစနစ်ကို အရမ်းကကောင်းမွန်စေပါတယ် …။

အထူးသဖြင့် ဂျင်းက အစာအိမ်ကို သက်သာသွားစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေတာတွေကို ဖယ်ရှားဖို့ အဆိပ်ဖြေစေဖို့အတွက် အစာ မစားခင်(ဒါမှမဟုတ်) အစာ စားပြီးနောက် ဂျင်းလက်ဖက်ရည်ကို သောက်ပေးရပါမယ်။

မုန့်ဖုတ်ဆိုဒါ …

အစာအိမ် အက်ဆစ်ဓာတ်တွေက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ညီမျှအောင်လုပ်ဆောင်ခြင်းမှာ အရေးကြီးတဲ့အပိုင်းက ပါဝင်ပါတယ် …။

ဆိုဒီယမ်ကာဗွန်နှိပ်က ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရေးပါတဲ့အက်ဆစ်ဓာတ်တွေနဲ့ ထိရောက်မှုရှိတဲ့အခါ သန့်စင်တဲ့အူမကြီးထိန်းပေးခြင်း

အူမကြီးလှုပ်ရှားမှုတွေကို ထိန်းပေးခြင်းတို့မှာ အကူအညီဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ရေတွေ ထုတ်လွှင့်လိုက်ပါတယ် …။

သံပုရာရေ …

ရှောက်အမျိုးအစားအသီးတွေက ခန္ဓာကိုယ်ကို ကိုက်ညီမှုရှိအောင် ထိန်းပေးတဲ့ ဗီတာမင်ဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ် …။

ဗီတာမင်စီကြွယ်ဝတဲ့ရေက သင့်ခန္ဓာကိုယ်အတွင်းမှ အစာခြေစနစ်ကို တိုးတတ်ကောင်းမွန်စေပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့သံပုရာရေခွက်အပြည့်ကို နေ့တိုင်း သောက်ပေးသင့်ပါတယ် …။

Credit: Mingalarbarmorning

Facebook Comments