7 8

ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ တခြားနေ့တွေနဲ့မတူတဲ့ မွေးရာပါအားသာချက်နဲ့ ထူးခြားချက် (၁၀) ချက် …..

ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ တခြားနေ့တွေနဲ့မတူတဲ့ မွေးရာပါအားသာချက်နဲ့ ထူးခြားချက်တွေကိုပိုင်ဆိုင်ထားကြပါတယ် ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်နော်











ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ တခြားနေ့တွေနဲ့မတူတဲ့ မွေးရာပါအားသာချက်နဲ့ ထူးခြားချက် (၁၀) ချက် …..

——————————

ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ တခြားနေ့တွေနဲ့မတူတဲ့ မွေးရာပါအားသာချက်နဲ့ ထူးခြားချက်တွေကိုပိုင်ဆိုင်ထားကြပါတယ်။ ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်နော်။

(၁) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ နားလည်ပေးနိုင်စွမ်းမြင့်မားတဲ့သူတွေပါ။ ပညာရှိတဲ့သူတွေဖြစ်ပြီး လက်တွေ့ကျကျတွေးခေါ်တတ်တဲ့သူတွေပါ။

(၂) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ ရောက်လေရာတိုင်းမှာ လူတွေရဲ့ အာရုံကိုဖမ်းစားထားနိုင်တဲ့ ရုပ်ရည်နဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားသူတွေပါ။

(၃) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ မွေးရာပါ ခေါင်းေ်ဆာင်စွမ်းရည်ကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါကြောင့် ဘယ်လိုအလုပ်ကိုပဲလုပ်လုပ် ခေါင်းဆောင်ပိုင်းကို ရကြပါတယ်။

(၄) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ အလုပ်အရမ်းကြိုးစားတဲ့သူတွေဖြစ်ပြီး အောင်မြင်မှုကို ရအောင်ယူနိုင်ကြပါတယ်။

(၅) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ လွတ်လွတ်လပ်လပ်၊ အချုပ်အနှောင်ကင်းကင်းနဲ့ ဘဝကိုဖြတ်သန်းချင်တဲ့သူတွေပါ။

(၆) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ အရမ်းခေါင်းမာပါတယ် ဒီအချက်ကြောင့်တစ်ခါတလေမှာ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးပိုင်းမှာ အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်

(၇) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ စကားပြောတဲ့အခါ အရမ်းကို ပြတ်ပြတ်သားသားပြောတတ်တာကြောင့် တစ်ဖက်လူအတွက် စိတ်ဒဏ်ရာဖြစ်သွားစေနိုင်ပါတယ် ဆင်ခြင်ဖို့တော့လိုပါတယ်။

(၈) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ လွယ်လွယ်ငြီးငွေ့တတ်တဲ့သူတွေပါ။ ကြာကြာသည်းခံမနေနိုင်သလို၊ အောင့်အည်းရတာမျိုးကိုလည်း လုံးဝမကြိုက်တဲ့သူတွေပါ။

(၉) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ တစ်ဖက်သားကိုလေးလေးစားစား ဆက်ဆံတတ်တဲ့သူတွေပါ။ ဒါပေမယ့်ကိုယ့်ကို စော်ကားသလို ခံစားရရင် ပြင်းပြင်းထန်ထန်တုန့်ပြန်တတ်ကြပါတယ်။

(၁၀) ကြာသပတေးနေ့မှာမွေးတဲ့သူတွေဟာ ဒေါသကြီးတတ်တဲ့အတွက် တစ်ခါတလေမှာ လူတွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့သူတွေပါ။

ခရက်ဒစ်ဂျပ်နောင်းမြန်မာနျူး

Facebook Comments