11 7
တနလာင်္သမီးတွေကို ချစ်မိရင် သတိထားရမယ့်အချက်များ …..
တနလာင်္သမီးတွေကို ချစ်မိရင် သတိထားရမယ့်အချက်များ …..
credit to shwemom
—————————
တနလာၤသမီးတွေကို ချစ်မိရင် သတိထားရမယ့်အချက်များ …..
မိန်းကလေးတွေရဲ့ အပြုအမူတွေက နေ့နာမ်ပေါ်မူတည်ပြီးကွဲပြားကြပါတယ်။ အဲဒါကြောင့် တနင်္လာသမီးတွေကို ချစ်မိရင်တော့ ဒီအချက်တွေနဲ့ သတိထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ …
၁။ တနင်္လာသမီးတွေက ။ ။ ခေါင်းမာတတ်တယ်။ တနင်္လာသမီးလေးတွေကတော့ ခေါင်းမာတတ်တဲ့နေရာမှာ ပထမပါ။ သူတို့ပြောချင်တာ၊ လုပ်ချင်တာဆို တဇွတ်ထိုးလုပ်တတ်တယ်။ ပြီးရင်လည်း ခေါင်းမာတတ်သေးတယ်။ သူတို့နဲ့ချစ်မိရင်တော့ ဒီအချက်လေးကို သည်းခံပေးလိုက်ပါ။
၂။ တနင်္လာသမီးတွေက ။ ။ အရွဲ့တိုက်တတ်တယ်။ တနင်္လာသမီးတွေဟာ သူတို့ကိုစိတ်မကျေနပ်စေတာတစ်ခုခုလုပ်ခံရပြီဆို အရွဲ့တိုက်ကြသေးတယ်။ သူက ဒီလိုလုပ်တယ်ဆိုရင် ငါက ဒီထက်(၂)ဆပြန်လုပ်ပြမယ်ဆိုပြီး အရွဲ့တိုက်တက်ကြသေးတယ်။
၃။ တနင်္လာသမီးတွေက ။ ။ အချစ်ကိုပဲဦးစားပေးတတ်တယ်။ နေ့နာမ်ထဲမှာ တနင်္လာသမီးတွေက အချစ်ကို ဦးစားအပေးဆုံးပါ။ အချစ်ကိုပဲဦးစားပေးတတ်သလို အချစ်လည်းကြီးပါတယ်။ သူတို့တွေ လူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် အဲ့လူတစ်ယောက်ဘေးမှာပဲတွယ်ကပ်နေတတ်တယ်။ အဲ့လိုပဲအချစ်ကို ဦးစားပေးတတ်သလို တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်တတ်ကြသေးတယ်။
၄။ တနင်္လာသမီးတွေက ။ ။ ကလေးဆိုး ဆိုးတတ်တယ်။ တနင်္လာသမီးတွေ ဆိုးပြီဆိုရင် ကလေးတစ်ယောက်လို ချစ်သူအပေါ်ကို ဆိုးတတ်ကြတယ်။ ရင့်ကျက်သွားပြီဆိုရင်လည်း အရင်ကလို မဟုတ်တော့ဘဲ ပြောင်းလဲတတ်ကြတယ်။
၅။ တနင်္လာသမီးတွေက ။ ။ အချော့ကြိုက်တယ်။ တနင်္လာသမီးတွေက တစ်ခုမဟုတ်တစ်ခုကို ရှာကြံပြီး စိတ်ကောက်တတ်တယ်။ အကြောင်းကတော့ အချော့ခံရတာကြိုက်လို့ပါ။ သူတို့ကိုယ်တိုင်က စိတ်ကောက်လွန်သွားလို့ ချစ်သူက စိတ်ပြန်ဆိုးသွားရင်လည်း မနေတတ်ကြပါဘူး။
၆။ တနင်္လာသမီးတွေက ။ ။ လုပ်ပေးစရာရှိတာ လုပ်ပေးတယ်။ ပြောစရာရှိတာကိုလည်း အပြတ်ပြောတတ်တယ်။ သူတို့တွေ လုပ်ပေးပြီဆို အဆုံးထိကိုလုပ်ပေးတတ်တယ်။ သူတို့တွေပြောပြီဆိုရင်တော့ အပြတ်ကိုပြောတတ်တယ်။ သည်းခံတယ်ဆိုရင်လည်း သည်းခံနိုင်တယ်။ သည်းမခံတော့ဘူးဆိုရင်လည်း လုံးဝအပြတ်ဖြစ်တတ်တယ်။
တနလာၤသမီးတွေကို ချစ်မိရင် သတိထားရမယ့်အချက်များ …..
credit to shwemom
Facebook Comments