ert
ပုံ(၁)
dwer
ပုံ (၂)
dwe
ပုံ (၃)
rwer
ပုံ(၄)
sdfwe
ပုံ (၅)
sfret
Source: Brightside.me
…………………………..
သင်ရွေးချယ်လိုက်တဲ့ မိန်းကလေးပုံစံပေါ်မူတည်ပြီး သင့်အကြောင်း ခန့်မှန်းပြမယ်
လူတစ်ယောက်နဲ့ တစ်ယောက် စိတ်နေစိတ်ထားချင်းမတူပါဘူး။ လူအမျိုးမျိုး စိတ်အမျိုးမျိုးပါပဲ။ သင့်မျက်လုံးထဲ လှနေတဲ့အရာက တခြားလူအတွက် လှချင်မှလှနေမှာပါ။ သင့် ရွေးချယ်မှုတွေက သင့်ရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်နေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ သင်လှတယ်လို့ သတ်မှတ်ပြီး ရွေးချယ်လိုက်တဲ့ မိန်းကလေးပုံစံကနေ သင့်အကြောင်းကို ပြောပြပါမယ်။ လှတယ်ဆိုတာက ပုံသေမရှိပါဘူး။ ကြည့်တဲ့သူရဲ့ မျက်လုံးပေါ်မှာပဲ မူတည်ပါတယ်။ အောက်က ၅ ပုံထဲက သင်အလှဆုံးလို့ ထင်တဲ့ပုံကို ရွေးပေးပါနော်။
ပုံ၁
သင်က ပုံ ၁ ကို ရွေးချယ်တယ်ဆိုရင်တော့ သင်က တည်ငြိမ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့မိန်းကလေးပါ။ အခွင့်အလမ်းသစ်တွေကို ကြောက်ရွံ့တတ်သူမဟုတ်ပါဘူး။ အခက်အခဲပြဿနာတွေကို ဖြေရှင်းဖို့ သင်က အသင့်ပါပဲ။ သင်က ကျရှုံးမှာက မကြောက်ရွံ့ပါဘူး။ သင့်ရဲ့ ပန်းတိုင်ဆီ အရောက်လှမ်းတဲ့အချိန်မှာလည်း သင်က စိတ်ရှည်ပါတယ်။ ကိုယ်လိုချင်တာကိုလည်း ရအောင်ယူတတ်ပါတယ်။ သင်က ရှက်နေတတ်သူမဟုတ်ပါဘူး။ လုပ်ရဲကိုင်ရဲပြီး ဆုံးဖြတ်ရဲပါတယ်။ သင်လိုချင်တာကို သိထားပြီး အဲ့အရာကို ရအောင်လုပ်တတ်ပါတယ်။
ပုံ ၂
ပုံ ၂ ကိုရွေးချယ်တယ်ဆိုရင်တော့ သင်က လူပေါင်းဆံ့သူတစ်ဦးဖြစ်ပါတယ်။ တခြားလူတွေနဲ့ လွယ်လွယ်ကူကူ ပေါင်းသင်းနိုင်ပါတယ်။ သင်က အနည်းငယ်တော့ ရိုးအပြီး ရေရေရာရာရှိသူမဟုတ်ပါဘူး။ ဒါပေမဲ့ သင်က သင့်ရည်မှန်းချက်ကို ဘယ်လိုလုပ်ရင် ရနိုင်မလဲသိပါတယ်။ သင်က ပျော်ပျော်နေတတ်ပြီး ပေါင်းရသင်းရလွယ်ကူသူဖြစ်ပါတယ်။ သင်က ဝမ်းနည်းတဲ့အချိန်ဆိုရင်လည်း စိတ်ခံစားချက်ကို သိုဝှက်ပြီး အမြဲပြုံးနေတတ်ပါတယ်။ အကောင်းမြင်စိတ်ရှိသူပါ။ ဒါပေမဲ့ သင်က စိတ်နုတာကြောင့် မကောင်းတဲ့စကားလုံးတွေက သင့်ကို ထိုးနှက်နို်င်ပါတယ်။
ပုံ ၃
ပုံ ၃ ကိုရွေးရင်တော့ သင်က အရှက်ကြီးတဲ့မိန်းကလေးတစ်ယောက်ပါ။ သင်က လူတစ်ယောက်နဲ့ခင်ဖို့ အချိန်ယူရပါတယ်။ လူတစ်ယောက်နဲ့ခင်သွားပြီဆိုတော့မှ သင့်ရဲ့စိတ်ရင်းအမှန်ကို ဖော်ပြတတ်ပါတယ်။ သင်က အစီအစဉ်အတိုင်း ပုံမှန်လေးသွားတာကိုပဲ သဘောကျပြီး ဗြုန်းစားကြီးပြောင်းလဲတာမျိုးတွေကို မနှစ်သက်သူပါ။ သင်က ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်ပါ။ ရန်ပွဲတွေကို ရှောင်တတ်ပြီး အငြင်းပွားတာမျိုးကို မကြိုက်ပါဘူး။ သင်က တခြားသူတွေရဲ့ ခံစားချက်တွေကို နက်နက်ရှိုင်းရှိုင်းတွေးပေးတတ်ပါတယ်။ တခြားလူတွေပျော်အောင် လုပ်ပေးဖို့လည်း အသင့်ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးတဲ့နေရာမှာလည်း မျှမျှတတနေထိုင်တတ်ဖို့လိုပါတယ်။ တစ်ခါတလေ တစ်ယောက်တည်းလည်း ငိုင်နေတတ်ပါတယ်။
ပုံ ၄
သင်က ပုံ ၄ ကိုရွေးချယ်ရင်တော့ အေးအေးဆေးဆေးနေတတ်သူပါ။ သင့်ကို တွေဝေအောင်လုပ်နိုင်ဖို့ ခက်ခဲပါတယ်။ သင်က နှလုံးသားထက် ကိုယ့်ရဲ့ စိတ်ကိုပဲ ရွေးချယ်တတ်ပါတယ်။ သင်လုပ်သမျှ အဆင်ပြေတယ်ဆိုတာ သိလို့ အခက်အခဲကိုလညး် မကြောက်ရွံ့သူပါ။ ဘဝကို မျှမျှတတနေထိုင်တတ်ပါတယ်။ သင်က သိမ်မွေ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ တခြားလူတွေအတွက် တွေးတတ်ပြီး သင့်ရဲ့ ပန်းတိုင်အတွက် တခြားလူတွေကို အသုံးချမယ့်လူစားမျိုးမဟုတ်ပါဘူး။ သင်က အေးစက်စက်နိုင်ပေမယ့် တကယ့်လက်တွေ့မှာတော့ သင်ဟာ ပေါင်းရသင်းရလွယ်သူပါ။ ကူညီပေးဖို့လည်း အသင့်ရှိနေတတ်ပါတယ်။
ပုံ ၅
ပုံ ၅ ကိုရွေးချယ်တယ်ဆိုရင်တော့ သင်ဟာ အမှီအခိုကင်းပြီး ဇွဲကောင်းတဲ့သူတစ်ယောက်ပါ။ သင်က ကိုယ့်အတွက်ပဲ ကြိုးစားနေသူပါ။ ယုံကြည်မှုအပြည့်ရှိပြီး ကိုယ့်ကိုကိုယ်ပဲ အားကိုးပါတယ်။ တခြားလူတွေဆီက အကူအညီတောင်းတာ ခပ်ရှားရှားရယ်ပါ။ သင်က ခေါင်းမာပြီး အယုံလွယ်သူတစ်ယောက်မဟုတ်ပါဘူး။ သင့်စိတ်ကို ဘယ်သူမှ လွယ်လွယ်နဲ့ပြောင်းအောင် မလုပ်နိုင်ပါဘူး။ လူသစ်တွေနဲ့ ပေါငး်သင်းနိုင်ဖို့ သင့်အတွက်ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ သင်တကယ်ခင်တဲ့သူအတွက်လည်း သင်က ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်
တကယ်မှန်ပါတယ်။ သင်ရွေးချယ်တဲ့နံပါတ်ကို ပြောခဲ့ပါဦးနော်။
Source: Brightside.me
Facebook Comments