6 10

တနင်္ဂနွေသားသမီးများ အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ( 9 )ရက်မှ စက်တင်ဘာလ( 15 )ရက်အထိ

တနင်္ဂနွေသားသမီးများ အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ( 9 )ရက်မှ စက်တင်ဘာလ( 15 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) တစ်ပါတ်စာ ဝိဇ္ဇာမျက်လုံး ဟောစာတမ်း …

အလုပ်ကိစ္စ တစ်ခုပြီးတစ်ခု စိတ်ညစ်စရာတွေ ပေါ်နေတတ်ပါတယ် သင်အလုပ်အကိုင်မှာညံ့နေပါတယ် မထင်မှတ်ပဲ ပြဿနာတွေ ရင်ဆိုင်ရတတ်တယ် သတိထားပါ။

သူတပါးကဂျောက်တွန်းတတ်တာခံရတတ်တယ် သတိနှင့်နေပါ ဖြစ်နိုင်ရင်ဒီအချိန်မှာဘုရားတရားများများလုပ်သင့်ပါတယ်။

ရွှေလည်းထွက်တတ်ပါတယ် မကြာခင်တော့သင့်အလုပ်တွေပြန်လည်ကောင်းမွန်ပါလိမ့်မယ် ၀န်ထမ်းများဖြစ်ပါအလုပ်တွင်သူတပါးကိစ္စတွေဖြေရှင်းရတတ်ပါတယ် ။

အောက်လက်ငယ်သားကိုစကားပြောရတာလည်း အဆင်မပြေဖြစ်တတ်တယ် လုပ်ငန်းသစ်လုပ်မည်ဆိုပါက လုံးဝမလုပ်ပါနှင့် ဆုံရှုံးမှုတွေဖြစ်တတ်ပါတယ် ။

သင်၏ ငွေကြေးကံမှာ အထွက်များ၍ စိတ်ညစ်ရတတ်ပါတယ် သင်၏ကျန်းမာရေးမှာအစာအိမ်စာအိမ်ရောဂါဖြစ်တတ်ပါတယ် သတိထားပါ။

ပညာရေးကံမှာကောင်းပါသည် စိတ်တည်ငြိမ်အောင်တော့ထားပါ အဆင်ပြေသွားပါလိမ့်မည် ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးစကားပြောရတာ အဆင်မပြေတတ်ပါ။

အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်တတ်ပါတယ် ပြည်တွင်းပြည်ပခရီးကိစ္စပေါ်လျှင်လည်းအလွန်ပင်ကောင်းသောအရီးစဉ်ဖြစ်ပါတယ် အရှေ့တောင်အရပ်ကိုရှောင်ပါ။

ကံကောင်းသောအရောင်မှာအစိမ်းရောင်ဖြစ်ပါတယ် အကောင်းဆုံး ယတြာ ယပ်(၁၇) ချောင်း အိမ်ဘုရားလှူ၍ မိမိလိုရာဆုတောင်းပါ။

———————–

Unicode










Credit- Manaw Maya

Facebook Comments