4 16

ကြာသပတေး သား သမီးများ အတွွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တစ်လလုံးစာ ဗေဒဟောစာတမ်းနှင့် ယတြာများ

Alinn Myay ( အလင်းမြေ ) မီဒီယာမှ ပရိတ် သတ် ကြီး အတွက် November 2019 လ အတွင်း ဖြစ်ပေါ် လာ မည့် ၇ ရက် သားသမီး များ အတွက် ၊ သိင်္ခမောင် ဗေဒင် ကံကြမ္မာ ဟောစာတမ်း ………

အလင်းမြေ သတင်းမီဒီယာ ကိုဖတ်ရှု့ နေကြကုန်သော ၇ ရက် သား/သမီး များ ကျမ်းမာ ချမ်းသာ ဝမ်းသာ သော စိတ် မြဲပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည် ။

ကြာသပတေး သား/သမီး များအတွက် ၂၀၁၉ ခုနစ် နိုဝင်ဘာလ ဆရာ သိင်္ခမောင်- သိင်္ခ မင်းခေါင် ဗေဒင် ယတြာ (ပြည်မြို့)

ကြာသပတေး သား/သမီး များသည် ယခု လတွင် အကြံ ကာင်း ညဏ်ကောင်း တွေ ပွင့်လန်းနေမည် ။

ထိုပွင့်လန်း နေသော အကြံ အစည်ကို ကောင်းမွန်စွာ အကောင် အထည် ဖော်ပါ ၊ စိုးရိမ်သောက ကြီးစိုးနေပါကရမည် ဖြစ်သော စီးပါွး ဓန ဥစ္စာ များ လက်တကမ်းတွင် ကျဆုံးရတတ်ပါသည် ။ ထို့ကြောင့် ဖြစ်ပေါ်လာသော အကြံ ညဏ် ကောင်းများကို အကောင်အထည်ဖော်ပါ ။ရဲရင့်စွာပြုလုပ်ပါ ၊ အောင်မြင် အောင် စွမ်းဆောင်နိုင်ပါက စီးပါွး ဥစ္စာ ဓန များဖြင့် အဆင် ပြေမည် ဖြစ်ပါသည် ။

ကြာသပတေး သား/သမီးများ သည် ယခု လတွင် မိမိရဲ့ ကံဇာတာ အပွင့် အလန်းများ အထောက် အကူ ပြု လာစေ ရန် အတွက်……..

သုံးလောက ထွဋ် တင် မြတ်စွာ ဘုရားရှင်ကို မိမိရဲ့မွှေး နေ့ တိုင်းမှာ မိမိ ရဲ့ သက်စေ့ အတိုင်း ထက် ပိုမိုသော ပန်း ပွင့်များ ဖြစ်သော ဂန္တာ ပန်း များ နင့် သစ္စာပန်း များ ကို လှပသော အပြာရောင်ရှိသော ဖန်ခွက် တွင် ထည့်ကာ မွှေးနေ့ နံနက် ၆းဝ၀ နာရီ တွင် ကပ်လျူ ပူဇော်ကာ မိမိ ဖြစ်စေချင်သော ဆန္ဓကို တောင်းဆု ယူရမှာ ဖြစ်ပါတယ် ။

နိုဝင်ဘာလ တွင် ကြာသပတေး သား/သမီးများ အတွက် ကံ ကြမ္မာ အထောက်အပ့ံ ဖြစ်စေသော ရတနာကို ပြောပေးပါ ဆိုရင် တော့ ကျားမျက်လုံး နင့် မြ ရတနာ ကို အဆောင် အဖြစ် သုံးစွဲပေးရမှာ ဖြစ်ပါတယ် ဗျာ ။

ကံဇာတာ ပွင့်လန်း စေသော အရောင် များကို ပြောပေး ရ မယ် ဆိုရင် တော့ဗျာ အခု ရောက်နေသော နိုဝင်ဘာလ တွင် ကြာသပတေး သား/သမီး များသည် မိမိ တို့ ဝတ်ဆင်သော အဝတ် အစား ဖြစ်စေ မိမိ အခန်း တွင် သုံးစွဲသော စားပွဲ ၊ ကုလား ထိုင်၊ လိုက် ကာ၊ အိပ်ယာခင်း၊ ဆောင် နင့် မိမိ ပါတ်ဝန်း ကျင် ရုံးခန်း နေရာ ၊အလုပ်ခန်း နေရာများတွင် သုံးစွဲ သင့် သော အရောင် များမှာ နက်ပြာ ရောင် နင့် အစိမ်းရင့် အရောင် များ ဖြစ်ပါသည် ။

ကြာသပတေး သား/သမီးများ အတွက် နိုဝင်ဘာလ တွင် ကံ ကောင်း စေသော ဂဏန်း ၊ အကျိုးပေးသော ဂဏန်းများမှာ ၀ ၊ ၃ ၊ ၆ တို့ ဖြစ်ပါသည် ။

ထို့ကြောင့် ၀ ၃ ၆ များများပါသော ငွေစက္ကူကို ရှာရ မှာ ဖြစ်ပါတယ်၊ ရပြီဆိုလျင် အဆောင် အဖြစ် အသုံးပြုနိုင် ရန် အတွက် ကျတော် ဆရာ သိင်္ခမောင်မှ သန ချေခြင်း ၊ သိဒ္ဓိ ဓာတ် သွင်းခြင်းများကို လိုအပ်လျင် ဖြစိစေ ပြုလုပ် လိုပါ လျင် ဖြစ်စေ ဆကိသွယ်နိုင်ပါသည် ။

ကြာသပတေး သား/သမီး များ အတွက် နိုဝင်ဘာ တွင် လာဘ် ဝင် စေမည့် နေ့ များမှာ ၄ ရက် ၊ ၅ ရက် ၊ ၉ ရ က်၊ ၁၂ ရက် ၊ ၁၅ ရက် ၊ ၁၈ ရက် နေ့များ့ဖြစ် ပါသည် ။

ယင်းနေ့ များသည် ကြာသပတေး သား/သမီးများ အတွက် လာဘ် ဝင်စေ သော ငွေကြေးကံ ကောင်းစေ သော နေ့များ ဖြစ်ပါ သည် ခင်များ ။

ထို့ကြောင့် မိမိ ဆီသို့ ငွေများများ ဝင်သောနေ့သည် ယခုဖော်ပြထားသော နေ့များဖြစ်ပါက မိမိ ထံတွင် တည်မြဲ စေသော ငွေများ၊ မိမိဘဝမှာ ပြည့်စုံ လုံလောက် စေသော ဘဝအတွက် အထောက်အကူ ဖြစ်စေသော ငွေများ ဖြစ်စေ ပါသည် ။

အထူး ယတြာ ၊ ။ ကြာသပတေး သား/သမီး များသည် နိုဝင် ဘာလ တွင် ကံဇာတာ ပွင့်လန်းခြင်း ၊ မိမိ နင့်အပြိုင် ရန် များကို ယှဉ်ပြိုင် နိုင်ခြင်း ဝင်သောငွေများ တည်မြဲစေ ရန် အလို့ဌာ ပြုလုပ်ရမည့် ယတြာမှာ ………

ကောက်ညှင်းပေါင်းနင့် ဘယာကျော်ကို မိမိ မွှေးနေ့ နံနက် ပိုင်းတွင် မိမိ အိမ်မှ ဘုရားကို ကပ်လျူပါ ။ သံဃာကို ဆွမ်းလောင်းပါ ၊ မိမိ ပါတ်ဝန်းကျင်မှ သက်ကြီး ရွှယ်အို များထံသို့ ဖြစ်စေ ၊ ဆရာသမား မိတ်ဆွေ သူငယ်ချင်းများ ထံသို့ ပေးဝေပေးခြင်းဖြင့် ….

ယင်း သို့ ပြုလုပ် လျူပေး ပါက မိမိ တို့ဘဝ တွင်လဲ ပြည့်ပြည့် စုံစုံ လုံလုံ လောက်လောက် ဖြစ်ပြီး မကုန်ခမ်း သင့်သော ငွေ ပူ များ ကင်းဝေးပါစေလို့ ဆုတောင်းမေတ္တာ ပို့သ အပ်ပါ သည် ။

၂၀၁၉ ခုနစ် နိုဝင်ဘာလ အတွက် ဟောစာတမ်း ကို Alinn Myay မီဒီယာကို ဖတ်ရှု့ကြကုန်သော ခုနစ်ရက် သားသမီးများ စိတ်၏ ချမ်းသာ ခြင်း ကိုယ်၏ ကျန်းမာ ခြင်း များ လိုရာ မရှိ ပြည့်စုံကြပါစေ လို့ ကျတော် သိင်္ခမောင် ဗေ ဒင် ယတြာ မှ ဆုတောင်း မေတ္တာများ ပို့သအပ်ပါသည် ခင်များးး

ဆရာ သိင်္ခမောင်- သိင်္ခ မင်းခေါင် ဗေဒင် ယတြာ (ပြည်မြို့) ဖုန်း – ၀၉၆၇၈၃၃၅၅၅၉

#AlinnMyay(အလင်းမြေ)

Facebook Comments