7 17

တစ်ပါတ်စာ ၇ ရက်သားသမီးဟောစာတမ်း …( 14.11.2019 မြ 20.11.2019 )အထိ

တနင်္ဂနွေ

ဒီကာလအတွင်း မထင်မှတ်ထားသောအလုပ်ဟောင်းများမှ တိုးတတ်မှုကိုမြင်ရတတ်ပါတယ်။ ကံကောင်း နေတတ်ပါတယ်။ ကြံစည်လုပ်ကိုင်ဆောင်ရွက်သမျှငွေရဖို့ဖြစ်လာတတ်ပါတယ်။ နာမည်ဂုဏ်သတင်းကျော်ကြား တတ်ပါတယ်။ ကြော်ငြာများကတဆင့် မိမိအကျိုးခံစားရလိမ့်မယ်။ လုပ်ငန်းကိုကြော်ငြာဖို့ ငွေမနှမြောသင့်တဲ့နေ့ ရက်ပါပဲ။ရာထူးတိုးဖို့အခွင့်အရေးပေါ်လာတတ်ပါတယ်။

အောက်ခြေလွတ်တာ၊မာန်မာနကြီးတာမျိုးတွေကမိမိရင် မှာကိန်းအောင်းနေတတ်ပါတယ်။နည်းပညာအလုပ်များ၊ဆက်သွယ်ရေးနဲ့ပက်သက်သောအလုပ်များအောင်မြင် တတ်ပါတယ်။ဆွေမျိုးတွေလာလည်ပြီးပြန်သွားရင် မိသားစုအတွင်းရန်ဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ စက် ပစ္စည်းနှင့်ဆိုင်သောလုပ်ငန်းများ၊ ဆေးဝါနဲ့ပက်သက်တဲ့အလုပ်များအဆင်ပြေလာတတ်ပါတယ်။

ကျန်းမာရေးက တော့ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုတွေဖြစ်တတ်ပါတယ်။ မီးယပ်နဲ့ပက်သက်သောရောဂါတွေသတိထားပါ။အချစ်ရေး မှာစန်းပွင့်နေတာကြောင့် အချစ်ဟောင်းထက် အချစ်သစ်ကိုပိုမိုစိတ်ရောက်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အိမ်ထောင်ဘက်နဲ့ အစစအရာရာစိတ်ကူးမတူ လွဲချော်နေရတတ်ပါတယ်။ ပညာရေးမှာတော့ အတွက်အချက်စာ ရင်းဇယားနဲ့ပက်သက်ပြီး ပညာရတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/2/8

အထူးဟော ဆန္ဒတွေပြည့်ဝလာမည်။

ယတြာ အကြော်စုံဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း လုပ်စရာအလုပ်သစ်တွေပေါ်လာမည်။ အလုပ်ဟောင်းမှာလဲမပြီးပြတ်ဘဲရှုပ်နေတတ်ပါ တယ်။ အိမ်တွင်းရေးကိစ္စတွေမှာတော့ အစေးမကပ်သလိုဖြစ်ရတတ်ပါတယ်။မောင်နှမတွေနဲ့စကားများရတတ်ပါ တယ်။ အသုံးစရိတ်ချွေတာလိုက်ပါ။ စိတ်ညစ်စရာတွေကတော့ ကြုံနေရတတ်ပါတယ်။

မိခင်ရဲ့ကျန်းမာရေးကိဂရု စိုက်ပေးပါ။ တစ်ခုကောင်းတာက မိမိအတွက်လိုအပ်တဲ့အဆက်အသွယ်တွေရလာတတ်ပါတယ်။ လိုအပ်နေတဲ့ သတင်းအချက်တွေ၊data တွေစုဆောင်းနိုင်ပါလိမ့်မယ်။လက်ဝတ်ရတနာအဟောင်းများဝင်လာတတ်ပါတယ်။ စိန် ဝယ်ချင်တာမျိုးဆိုဒီကာလမှာဝယ်လို့သင့်တော်ပါတယ်။ အလုပ်အသစ်တစ်ခုခုလျှောက်မယ်ဆိုရင်တော့ရလွယ်တာ ကိုတွေ့ရပါတယ်။ ကျန်းမာရေးကတော့ အရေပြားယားယံတာမျိုးတွေဖြစ်ရတတ်ပါတယ်။

စိတ်ညစ်ရာကနေစိတ် ထောင်းကိုယ်ကြေဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာတော့ နီးစပ်တဲ့လုပ်ဖော်ကိုင်ဖက်ဘဝကနေ ချစ်သူဘဝကိုရ လိမ့်မယ်။အိမ်ထောင်ဘက်ရာထူးတတ်လိမ့်မယ်။ အိမ်ထောင်ဘက်အလုပ်များနေတာကိုတော့ မိမိကနားလည်ပေး ရလိမ့်မယ်။ပညာမာနရှိပြီး ငါသိငါတတ်လုပ်မှုကြောင့် ပညာရသင့်သလောက်မရတာမျိုးတွေဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/5/9

အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။

ယတြာ ငါးစာကျွေးပါ။ငှက် ၂ကောင်ဝယ်လွှတ်ပါ။

အင်္ဂါ

ဒီကာလမှာတော့ လခစားအလုပ်များနှင့် ကာယအားစိုက်ထုတ်ရတဲ့အလုပ်ကနေပဲငွေဝင်တတ်ပါတယ်။ ပြောလိုရင်းကတော့ လွယ်လွယ်ငွေမဝင်နိုင်တဲ့နေ့ရက်တွေဖြစ်နေတာပါပဲ။ဘာလုပ်လုပ်ဖြေးဖြေးမှန်မှန်လုပ်စေချင် ပါတယ်။ထိမိခိုက်မိတာ၊ accident အသေးစားလေးတွေဖြစ်ရတာမျိုးတွေကြုံရတတ်ပါတယ်။ စိတ်ရှည်မှသည်းခံမှ အဆင်ပြေမဲ့နေ့ပါပဲ။

မိမိကလူငယ်တစ်ယောက်ဆို စည်းကမ်းတွေဖောက်ဖျက်ပြီး လူကြီးတွေရဲ့ဆုံးမစကားကို ချုပ် ချယ်နေတယ်လို့ထင်နေမိတတ်ပါတယ်။ယာဉ်ကား၊ခြံရောင်းချခြင်းများအခက်အခဲတွေ့ရနိုင်ပါတယ်။ ဒီကာလဟာ ခရီးထွက်မယ်ဆိုရင်လဲ ထင်ထားသည်ထက်ငွေပိုကုန်တတ်ပါတယ်။ တစ်ခုအဆင်ပြေတာက လူချစ်လူခင်များပြီး ကူညီမဲ့သူပေါမဲ့ကာလပါပဲ။ အမိအဘတွေကိုကောင်းစွာလှူဒါန်းခွင့်တွေရလာတတ်ပါတယ်။

ကျန်းမာရေးကတော့ အစာမကြေ လေထိုးလေအောက်ဖြစ်ရတတ်ပါတယ်။ အစားမှန်မှန်စားပေးပါ။အချစ်ရေးမှာတော့ ပြောင်းပြန်တွေ ဖြစ်နေတတ်ပါတယ်။ မိမိချစ်နေသူနဲ့ဝေးနေရတတ်ပြီး မိမိကိုယ်တစ်ဖက်သတ်ကြိုက်နေသူက အနားမှာရစ်ဝဲနေရ တတ်ပါတယ်။ အိမ်ထောာင်ရေးမှာတော့ အေးစက်စက်ဖြစ်နေတဲ့အိမ်ထောင်ရေးအခြေအနေပါပဲ။ ပညာရေး ကတော့ သင်ချင်တဲ့ပညာကများနေပြီး ဆုံးဖြတ်ချက်မချနိုင်ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/8/6

အထူးဟော ကံအကောင်းအဆိုးမျှပါလိမ့်မယ်။

ယတြာ အိတ်စောင်တရားစာအုပ်လေးများ နီးစပ်သူတွေကိုလှူဒါန်းပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း အပြောင်းအလွဲမြန်နေသောအချိန်ဖြစ်ပါတယ်။ အလုပ်ခွင်အတွင်း လိုအပ်တဲ့အပြောင်း အလဲလုပ်မှလဲအဆင်ပြေပါလိမ့်မယ်။ကတိပျက်သူများ၊ချိန်းထားတာလွဲခြင်းများနှင့် စာချုပ်ဖောက်ဖျက်သူများနဲ့ ကြုံရတတ်ပါတယ်။ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေလွှဲမှုများမှအမြတ်အစွန်းရတတ်ပါတယ်။မိမိတတ်ထားတဲ့ ပညာကိုအကျိုးရှိစွာအသုံးချတတ်ဖို့လိုပါတယ်။

မိမိပညာနဲ့ရပ်တည်အဆင်ပြေနေတတ်ပါတယ်။ အိမ်ထောင်ဘက် ရဲ့အကူအညီကြောင့်အလုပ်တွေငွေပိုဝင်လာတတ်ပါတယ်။လူမှုရေးအားကောင်းသူများ မျက်နှာချိုသူများဒီကာလ မှာပိုမိုအဆင်ပြေရတတ်ပါတယ်။ အလှူအတန်းတွေလဲ ပြုခွင့်ရပါလိမ့်မယ်။ လိမ္မာသော သားသမီးကြောင့်စိတ် ချမ်းသာရပါလိမ့်မယ်။ရေနဲ့ပက်သက်သော လုပ်ငန်းများ အကျိုးအမြတ်ကြီးစွာရရှိနိုင်ပါတယ်။

ကျန်းမာရေးက တော့ အရမ်းအေးတဲ့နေရာတွေကို ခရီးသွားမိရင် ကျန်းမာရေးညံ့သွားနိုင်ပါတယ်။ မတည်ငြိမ်သောအချစ်ရေး အခြေအနေကိုတွေ့ရတတ်ပါတယ်။အချစ်ဟောင်းနဲ့ဝေးနေပြီးအချစ်သစ်နဲ့ တွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တော့ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ အဆင်ပြေသာယာလိမ့်မယ်။ ပညာရေးကတော့ ကြိုးစားသမျှအရာထင်မယ်

အကျိုးပေးဂဏန်း 4/5/0

အထူးဟော အလုပ်စီးပွားကောင်းလာမည်။

ယတြာ နီးစပ်သူတွေကို သစ်သီးတစ်မျိုးမျိုး ဝယ်ကျွေးလိုက်ပါ။

ကြာသပတေး

စက်မှုနဲ့ပက်သက်သောအလုပ်တွေ၊ယာဉ်ကားနဲ့ပက်သက်သောအလုပ်တွေပိုမိုအဆင်ပြေတတ်ပါတယ်။ အငြိမ်မနေရတဲ့အလုပ်မှန်သမျှကောင်းပါတယ်။ အထိုင်လုပ်နေရတဲ့ဈေးဆိုင်များ ဆိုင်ရှင်းတာမျိုး ၊အထားအသို ပြင်ဆင်တာမျိုးတွေလုပ်ပေးမှ ရောင်းပန်းဝယ်ပန်းတွေပွင့်လာပါလိမ့်မယ်။ နိုင်ငံခြားငွေဝင်တတ်ပါတယ်။ နိုင်ငံခြား နဲ့ ဆက်စပ်လုပ်ငန်းများအဆင်ပြေတိုးတတ်မည်။စိတ်လေနေတာမျိုးတွေဖြစ်ရတတ်ပါတယ်။

မိမိလုပ်ချင်တာက တစ်မျိုး၊ဖြစ်နေတာကတစ်မျိုးတွေကြုံရတတ်ပါတယ်။ ပေါ်ပင်အလုပ်တွေကိုဦးစားမပေးပါနဲ့။ ရေရှည်အတွက်စဉ်း စားလုပ်ကိုင်ပါ။ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါတယ်။ မလိုအပ်ဘဲငွေမမြုပ်နှံဖို့ ပြောချင်ပါတယ်။ အတိတ် က ပြဿနာဟောင်းတွေပြန်ပေါ်လာတတ်ပါတယ်။ မရည်ရွယ်ဘဲ ခရီးတွေထွက်ရတတ်ပါတယ်။ကျန်းမာရေးဂရု စိုက်သင့်ပါတယ်။ခါးနာမည်။ချော်လဲမည်။သွားကိုက်မည်။

အချစ်ရေးမှာချစ်သူကအပြစ်မရှိအပြစ်ရှာနေလဲ အဆင် ပြေအောင်သည်းခံလိုက်ပါ။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့မူမမှန်မှုတွေကိုကြုံရရင်သတိထားပါ။ မိမိမသိအောင် လုပ်ထားတာတွေရှိလိမ့်မယ်။ပညာရေးစိတ်မပါသလိုဖြစ်နေတတ်ပါတယ်။ငွေသွင်းပြီးမှသင်တန်း မတတ်ချင်သလိုဖြစ်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/5/9

အထူးဟော စိတ်လေနေတတ်ပါတယ်။

ယတြာ သက်ကြီးရွယ်အိုတွေကို သဘက်တစ်ထည်လှူလိုက်ပါ။

သောကြာ

ဒီကာလမှာ စကားများစွာငြင်းခုန်ပြောဆိုရတတ်ပါတယ်။ယာဉ်၊ကား၊စက်ပစ္စည်း ၊မြေယာနှင့်အဆောက် အဦးတို့နဲ့ပက်သက်ပြီးငွေရတတ်ပါတယ်။ အရေးကြီးတဲ့စာရွက်စာတမ်းတွေနဲ့ လုပ်ကိုင်ရသူတွေကတော့သတိထား ပါ။ စာရွက်စာတန်းပျောက်ရှမှုတွေ၊စာရင်းဇယားမှားမှုတွေကိုအထူးကြုံရတတ်ပါတယ်။ ကျောင်းသား၊ကျောင်းသူ များဆုတံဆိပ်ချီးမြင့်ခံရခြင်းတွေကြုံရတတ်ပါတယ်။

ခရီးသွားလာမှုတွေမှာတော့ အဆင်ပြေချောမွေ့နိုင်ပါတယ်။ စိတ်ထဲလိုချင်တာတွေကိုရဖို့ ဦးစားမပေးလိုက်ပါနဲ့။ ဖြစ်သင့်တာတွေကိုပဲဦးစားပေးဆောင်ရွက်လိုက်ပါ။ အနုပညာ နဲ့ပက်သက်သောအလုပ်များအခက်အခဲတွေများနေတတ်ပါတယ်။ပွဲတွေစီစဉ်ပြီးမှပျက်ရတတ်ပါတယ်။ အပျောက် အရှများနေတတ်ပါတယ်။သူခိုးခိုးလဲ ခံရတတ်ပါတယ်။ တန်ဖိုးရှိပစ္စည်းတွေကို မမေ့ပျောက်လိုက်ပါနဲ့။

အဆုတ် အအေးပတ်ပြီး ချောင်းဆိုးတာမျိုးတွေဖြစ်တတ်ပါတယ်။အချစ်ရေးကတော့ရန်ဖြစ်ပြီးမှာပဲ ပြေလည်မှုတွေပြန်ရ တတ်ပါတယ်။ ချစ်သူမရှိသေးသူဆိုရင်တော့ အွန်လိုင်းကနေချစ်သူရလွယ်ပါတယ်။အိမ်ထောင်ဘက်ရဲ့စကားကပ် ပြောတာမျိုး၊မိမိမာနကိုထိခိုက်စေတဲ့စကားပြောတာမျိုးကြောင့်စကားအကြီးအကျယ်များတတ်ပါတယ်။ ပညာရေး ကတော့ အဆင်ပြေမည်။ တွက်စာပိုင်းအားကောာင်းနေမည်။

အကျိုးပေးဂဏန်း 1/3/5

အထူးဟော စိုးရိမ်ပူပန်ရတာတွေများနေတတ်ပါတယ်။

ယတြာ ပန်းအဖြူ ၅မျိုးဘုရားကပ်လှူလိုက်ပါ။

စနေ

အများကိုအမှီပြုပြီး အကျိုးများရတတ်ပါတယ်။တပည့်များ၊ဆွေမျိုးများနဲ့ဆက်စပ်ပြီးအလုပ်အော်ဒါတွေရ လာတတ်ပါတယ်။ဆရာမိဘများကြောင့်ငွေထွက်တတ်ပါတယ်။မထင်မှတ်ဘဲ စိုင်ကော်လို့ခြုံပေါ်ရောက်တဲ့ကံဖြစ် မည်။ ကံစမ်းမဲကူပွန်ကနေ ဆုကြီးကြီးပေါက်တာမျိုးဖြစ်တတ်ပါတယ်။ ရေရှည်ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေက ဒီကာလမှာအကျိုးအမြတ်ကြီးပါလိမ့်မယ်။ အတိတ်က မိမိတပည့်တွေက လာရောက်ကန်တော့တာမျိုးတွေကြုံရ တတ်ပါတယ်။

နေရာသစ်၊ဒေသသစ်မှာ စီးပွားရှာလို့ကောင်းသလို၊အွန်လိုင်းစီးပွားရေးကိုလဲ ဆောင်ရွက်ခြင်းဖြင့် အဆင်ပြေတိုးတတ်မှုတွေကြုံရမဲ့ကာလပါပဲ။ အိမ်ကတစ်နေရာ အလုပ်ကတစ်နေရာဆိုတာမျိုးလုပ်နေသူတွေက ပိုမိုအဆင်ပြေနိုင်ပါတယ်။ကျန်းမာရေးအညံ့အဆိုးနည်းပါတယ်။ အမောမခံနိုင်တာမျိုးဖြစ်ရတတ်ပါတယ်။

တောင် တတ်ရတဲ့ခရီးတွေကို သတိထားလိုက်ပါ။အချစ်ရေးမှာ လူမျိုးခြားနဲ့ချစ်သူဖြစ်လွယ်တဲ့ကာလပါပဲ။ အသက်ကြီးသူ တွေရဲ့ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့မရှိပါဘူး။သာယာတဲ့အိမ်ထောင်ရေးဘဝမိသားစုဘ၀ ကိုရပါလိမ့်မယ်။ပညာရေးကတော့ အညံ့မရှိသလောက်နည်းပါတယ်။ပညာရှာလို့ကောင်းပါတယ်။

အကျိုးပေးဂဏန်း 1/3/7

အထူးဟော ကံမြင့်နေမည်။

ယတြာ ဘုရားရှင်အား ယပ်တော်သွင်းပါ။

၇ ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 /09 44 5555 695

Facebook Comments