6 4
တနင်္ဂ‌နွေ သားသမီး‌လေး‌တွေ အကြောင်း
တနင်္ဂနွေနေ့နာမ်များဟာ လူ့ဘဝကိုစရောက်ပြီဆိုကတည်းကစိတ်ကြီးတယ်….ငိုလွယ်တယ် ဒေါသဖြစ်လွယ်တယ် …..
ပျော်ပျော်လည်းနေတတ်သလို ဒေါသဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ….
မိသားစုအပေါ်တွေမှာလည်း သံယောဇဉ်ရှိတတ်သလို ဆွေမျိုးသားချင်းတွေ ကိုလည်း ချစ်တတ်ကြတယ် ….
တနင်္ဂနွေတွေဟာ မိသားစုအပေါ်ကိုသိတတ်တယ်….စွန့်စားပြီးပေးဆပ်တတ်တာလည်း တနင်္ဂနွေပါ….
တနင်္ဂနွေများဟာ စိတ်ပြတ်သားသလောက် အစွဲအလန်းလည်းကြီးတတ်ပါတယ်…..
တစ်ယောက်ဆိုတယောက်အပေါ်မှာလည်း စိတ်စွဲနေတတ်တယ်….
ကိုယ်လိုချင်တဲ့ အရာကို သူများလက်ထဲကိုမရောက်စေချင်တာ တနင်္ဂနွေ …..
တခါတလေ တစ်ယူသန်တဲ့စိတ်တွေလည်းရှိတတ်ကြတယ် ….
ဒါဆိုရင်ဒါပဲ မပြောင်းလဲတတ်ဘူးခေါင်းနဲနဲမာတယ်…..
အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားတတ်တယ်….
ကိုယ်လုပ်နေတဲ့ အလုပ်ကိုဖြစ်အောင်လုပ်တယ် ဘယ်တော့မှ လက်မလျော့တာ တနင်္ဂနွေပါ…..
တနင်္ဂနွေတွေဟာ အပြင်မှာ ပြတ်သားသလိုနေတတ်ကြပေမယ့် ရင်ထဲမှာတော့ အစွဲအလန်းကြီးတတ်တဲ့ နေ့နာမ်များပဲဖြစ်တယ်….
ကိုယ့်ရဲ့အရှေ့မှာ စိတ်မကောင်းစရာတွေတွေ့ရင်သနားတဲ့စိတ်ရှိတယ်….
ကူညီလိုတဲ့ စိတ်တွေလည်း တနင်္ဂနွေမှာအပြည့်ရှိပါတယ်…..
အလုပ်လုပ်တဲ့နေရာတွေမှာတော့ နည်းစနစ်ရှိရှိလုပ်ကိုင်တတ်တာတနင်္ဂနွေပါ……
လူတွေရဲ့စိတ်ကို စူးစမ်းလေ့လာတာကို ဝါသနာပါကြတယ်…..
တနင်္ဂနွေများဟာ အားနေရင် သီချင်းနားထောင်တာတို့ သီချင်းဆိုတာတို့ ဝါသနာပါပြီး စိတ်အေးလက်အေးနေရတာကို နှစ်သက်ကြတယ်….
စကားပြောရင်တည်ငြိမ်စွာနဲ့ပြောဆိုတတ်ပြီး ဆွဲဆာင်မှုရှိစွာနဲ့ပြောဆိုတတ်တဲ့ အကျင့်လေးကိုပိုင်ဆိုင်ထားကြတာလည်း တနင်္ဂနွေပါ
တနင်္ဂနွေသားသမီးတွေက အရမ်းကြီးမထူးဆန်းပေမဲ့အခြားလူ တွေနဲ့ကွဲပါးတဲ့စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ…..
ဒါကြောင့်သူတို့ဟာ အခြားလူတွေနဲ့ ကွဲပါးနေတတ်ကြပါတယ်…..တနင်္ဂနွေသားသမီးတွေဟာစာဖတ်ဝါသနာပါကြတယ်….
ဗဟုသုတကိုလိုက်စားတယ်အအိပ်မက်တယ် …..အစားမကြီးဘူး…..ဒါပေမဲ့ ခဏ ခဏ စားနေတတ်တာမျိုး …..
ဒေါသကြီးပေမဲ့ ကောက်ရိုးမီးလိုမျိုးခဏပဲပီးရင်သူမဟုတ်သလိုမျိုးစိတ်ဆိုးစိတ်ကောက်လွယ်တယ်…..
ဒါပေမဲ့ စိတ်ပြေလွယ်တယ်…..ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာကောင်းနေတတ်ကြပြန်ရော……
ချစ်သူအပေါ်အနိုင်ယူလိုတဲ့ စိတ်ရှိတယ်…..ကိုယ့်ချစ်သူကို ကိုယ့်အလိုကျအတိုင်းဖြစ်စေချင်တဲ့သူမျိုး အရမ်းလည်းချစ်တတ်ကြတယ်….
အချစ်ကြီးပြီး အချစ်အတွက်ဆို တဇွတ်ထိုးနိုင်တဲ့သူတွေပါ….ဒါ့ကြောင့် အချစ်ရေးမှာ ကံညံ့တယ်လို့ နည်းနည်းပြောရမယ်…..
ဦးဆောင်လိုစိတ်ပြင်းပျတယ်….နေရာတကာ ဆရာကြီးလုပ်တဲ့သူမျိုးမဟုတ်ပေမဲ့ ဦးဆောင်နိုင်တဲ့ အရည်အချင်းအပြည့်အဝရှိသူတွေပါ…..
မိသားစုကိုလည်းချစ်တတ်ကြတယ် ….အပေါင်းအသင်းမက်တယ်…..ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပါတ် တစ် ဖြစ်ချင်တဲ့သူမျိုးတွေပါ….
သူငယ်ချင်းတွေအပေါ် အမြဲအနစ်နာ ခံတတ်တယ်….ခံစားရတာတွေကိုလည်းမျိုသိပ်ထားတတ်ကြတယ်…..
ဒါကြောင့် အများရှေ့မှာ ပြုံးပျော်နေပေမဲ့ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့သူမျိုးတွေပါ…..
အထူးအခြားဆုံးအချက်က တနင်္ဂနွေသားသမီးတွေက အစွဲအလမ်းကြီးလွန်းတာပါပဲ…..
တနင်္ဂနွေများရဲ့ အချစ်ရေးဟာတော့ ချစ်ရတဲ့သူကို အရမ်းချစ်ပေမယ့် အနေဝေးနေကြတယ်။
မှန်ရင် Shareလိုက်တော့ တနဂ်‌နွေသားသမီးတွေ …..✌။OWL