rru

စပိန်နိုင်ငံမှာ စေတီတွေ တည်ပြီး ဗုဒ္ဓဘာသာကို စတင်ကိုးကွယ် နေကြပြီ

ဖတ်ကြည့်နော်…

dfdd

ပညာတွေတတ်ပြီးအကောင်း အဆိုးကို မခွဲခြားနိုင်ရင်အလကားပဲ၊

ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်းအလကားပါပဲ။ အတွေးအခေါ် ဘယ်လောက်မြင့်မြင့်စာနာနားလည်ပေးနိုင်တဲ့ နှလုံးသား မရှိရင်အလကားပါပဲ။ ရုပ်ရည် ဘယ်လောက်ချောချောလူတစ်ယောက်ကို လူလို့ မမြင်တတ်ရင်အလကားပါပဲ။ အသိပညာ ဘယ်လောက်ရှိရှိတစ်ခြားသူပြောတဲ့စကားကို တန်ဖိုးမထားတတ်ရင်အလကားပဲ၊

အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစားရိုးသားမှုမရှိရင် အလကားပါပဲ။ ဘယ်လောက်ပဲ တော်နေပါစေ…ကိုယ်ချင်းစာစိတ် မရှိရင် အလကားပါပဲ။ ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို့ကြွေးကြော်နေပါစေ…သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင်အလကားပါပဲ။

အမှန်တရားကို ဘယ်လောက်ပဲ လက်ခံတယ်ပြောပြောကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ မကြိုက်ရင်အလကားပါပဲ။ တကယ်တမ်းတော့လူ့တန်ဖိုးဆိုတာ…ထက်မြက်တဲ့ ခေါင်း မဟုတ်ပါဘူး။

အခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသားဂရုစိုက်နားထောင်ပေးတတ်ပြီး စာနာတတ်တဲ့ နားပေးကမ်းကူညီတတ်တဲ့ လက် တစ်စုံ အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။။

ဘာလို့လဲဆိုတော့…လူတော်တွေ ဘယ်လောက်များများလူကောင်းဆိုတာ မရှိခဲ့ရင်အမှန်တရားတွေ ပျောက်ကွယ်လာပြီး လူ့ပတ်ဝန်းကျင်လည်း…ငြိမ်းချမ်းမှုသာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။


fdfgg

Crd – မူရင်း​ရေးသားသူ

ဘဝစာစုများ ” ​မေတ္တာဖြင့်​ပြန်​လည်​​ဝေမျှသည်

Facebook Comments