hjhj

မြတ်ဗုဒ္ဓသာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံဆိုတာ ရှိတယ်။ လက်ဝဲတော်ရံဆိုတာ တန်ခိုးအရာမှာဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါ။ လက်ယာတော်ရံဆိုတာ ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါ။ တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ။

တန်ခိုးဆိုတာ အာသဝေါတရားတို့ရဲ့ ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တရဲ့ အလံ တံခွန် သာ ဖြစ် တယ်။ ပညာဆိုတာ ကတော့ ဝိပဿနာ ပညာ၊ မဂ် ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက် ဖို့ပါ။

ပုထုဇဉ်တို့ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေနောက် လိုက်ခဲ့ကြတယ်။ ရိုင်းရိုင်းပြောရရင် လမ်းဘေး က မျောက်ပွဲ၊ မျက်လှည့်ပွဲ ကအစ ဆန်းတယ် ထင်တာမှန်သမျှမှာ လူတွေမေ့မျော သာယာနေ တတ်ကြတယ်။

ဒီတော့တန်ခိုးရဲ့ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ် ပညာ ကွယ်မှာပဲ။ မဂ်ပညာ ဖိုလ် ပညာ ကွယ်ရင် သာသနာကွယ်မှာပဲ သာသနာ ကွယ်ပြီဆိုတာနဲ့ သတ္တဝါ တွေရဲ့သံသရာဝဋ် ဆင်းရဲဒုက္ခ အပေါင်းက လွတ်မြောက်ရာ တရား တွေ လည်း ကွယ်တာပဲ။

ယောဂီတို့ တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲ လက်ကို အောက်က လက်ယာလက် ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။ လက်ဝဲဆိုတဲ့ တန်ခိုး သ ဘော ကို လက်ယာ ဆိုတဲ့ပညာက ဖုံးထား အုပ်ထား ဆင့် ထား ရ တယ်။

တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ဝိပဿနာ။ သမထတန်ခိုးကို သာပြလိုက် လို့ ကတော့ အညှီယင်အုံ သလို နေတော့ မှာပေါ့။ ရုပ်နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တ တွေ ဘာမှ ဟောလို့ ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန် ခိုးပဲ ကိုးကွယ်မှာ။

ဝိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေ ဆိုတာ ကျင့်ကြံ အားထုတ် ရမှန်းတောင် သိမှာ မဟုတ် တော့ဘူး။ တန်ခိုးလောက်နဲ့ မိန်းမော နေ ရင် သံသရာ ဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။

ဒါ့ ကြောင့် တန် ခိုး ဆို တာ ဖုံး ထား အပ် သော အ ရာ၊ ပ ညာ သာ လျှင် အ မြဲ အ စဉ် ဖွင့် ထား အပ် သော အ ရာ၊ ဖော် ထား အပ် သော အ ရာ၊ ဒါ ကြောင့် တန် ခိုး ကို ကိုယ် စား ပြု တဲ့ လက် ဝဲ ဘက် ကို သ င်္ကန်း နဲ့ ဖုံး ထား ရ တယ်။

ပ ညာ ကို ကို ယ် စား ပြု တဲ့ လက် ယာ ဘက် ကို တော့ ဖွင့် ပြ ထား ရ တယ်၊ ဖော် ထား ရ တယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး

credit to uploader

———————-

ရဟန္း သံဃာေတာ္ေတြ ဘယ္ဘက္ပုခုံး မွာ သကၤန္းေတာ္ကို ဖုံးလႊမ္းရတဲ့ အေၾကာင္း အရင္း

ျမတ္ဗုဒၶသာသနာမွာ လက္ဝဲေတာ္ရံ လက္ယာေတာ္ရံဆိုတာ ရွိတယ္။ လက္ဝဲေတာ္ရံဆိုတာ တန္ခိုးအရာမွာဧတဒဂ္ရတဲ့ အရွင္မဟာေမာဂၢလာန္ပါ။ လက္ယာေတာ္ရံဆိုတာ ပညာအရာမွာ ဧတဒဂ္ရတဲ့ အရွင္သာရိပုတၱရာပါ။ တန္ခိုးက လက္ဝဲ၊ ပညာက လက္ယာ။

တန္ခိုးဆိုတာ အာသေဝါတရားတို႔ရဲ႕ ကုန္ရာခန္းရာ အရဟတၱဓဇ၊ အရဟတၱရဲ႕ အလံ တံခြန္ သာ ျဖစ္ တယ္။ ပညာဆိုတာ ကေတာ့ ဝိပႆနာ ပညာ၊ မဂ္ ပညာ၊ ဖိုလ္ပညာကေန နိဗၺာန္ကို ရဖို႔ ေရာက္ ဖို႔ပါ။

ပုထုဇဥ္တို႔ရဲ႕ စိတ္သဘာဝဆိုတာ အဆန္းႀကိဳက္၊ တစ္ခု႐ိုး တစ္မ်ိဳးေျပာင္းၿပီး တစ္သံသရာလုံး ဆန္းတယ္ထင္တာေတြေနာက္ လိုက္ခဲ့ၾကတယ္။ ႐ိုင္း႐ိုင္းေျပာရရင္ လမ္းေဘး က ေမ်ာက္ပြဲ၊ မ်က္လွည့္ပြဲ ကအစ ဆန္းတယ္ ထင္တာမွန္သမွ်မွာ လူေတြေမ့ေမ်ာ သာယာေန တတ္ၾကတယ္။

ဒီေတာ့တန္ခိုးရဲ႕ဆန္းဆန္းျပားျပား ဖမ္းစားမႈအေပၚ ေမ့ေလ်ာ့ေတြေဝ သာယာေနၾကရင္ မဂ္ပညာ ဖိုလ္ ပညာ ကြယ္မွာပဲ။ မဂ္ပညာ ဖိုလ္ ပညာ ကြယ္ရင္ သာသနာကြယ္မွာပဲ သာသနာ ကြယ္ၿပီဆိုတာနဲ႔ သတၱဝါ ေတြရဲ႕သံသရာဝဋ္ ဆင္းရဲဒုကၡ အေပါင္းက လြတ္ေျမာက္ရာ တရား ေတြ လည္း ကြယ္တာပဲ။

ေယာဂီတို႔ တရားထိုင္ရာမွာလည္း တင္ပ်ဥ္ေခြၾကား လက္ႏွစ္ဖက္ ယွက္တင္တဲ့အခါ လက္ဝဲ လက္ကို ေအာက္က လက္ယာလက္ ကို အေပၚက ထားရတာလည္း ဒီသေဘာပဲ။ လက္ဝဲဆိုတဲ့ တန္ခိုး သ ေဘာ ကို လက္ယာ ဆိုတဲ့ပညာက ဖုံးထား အုပ္ထား ဆင့္ထား ရတယ္။

တစ္နည္းအားျဖင့္ေတာ့ လက္ဝဲက သမထ၊ လက္ယာက ဝိပႆနာ။ သမထတန္ခိုးကို သာျပလိုက္ လို႔ ကေတာ့ အညႇီယင္အုံ သလို ေနေတာ့ မွာေပါ့။ ႐ုပ္နာမ္ ျဖစ္ပ်က္ေတြ အနိစၥ ဒုကၡ အနတၱ ေတြ ဘာမွ ေဟာလို႔ ေျပာလို႔ နားဝင္ေတာ့မွာ မဟုတ္ဘူး။ တန္ခိုးျပမိရင္ တန္ ခိုးပဲ ကိုးကြယ္မွာ။

ဝိပႆနာပညာ၊ ဖိုလ္ပညာ၊ မဂ္ပညာေတြ ဆိုတာ က်င့္ႀကံ အားထုတ္ ရမွန္းေတာင္ သိမွာ မဟုတ္ ေတာ့ဘူး။ တန္ခိုးေလာက္နဲ႕ မိန္းေမာ ေန ရင္ သံသရာ ဝဋ္ဆင္းရဲက မလြတ္ေျမာက္ႏိုင္ဘူး။

ဒါ့ ေၾကာင့္ တန္ ခိုး ဆို တာ ဖုံး ထား အပ္ ေသာ အ ရာ၊ ပ ညာ သာ လွ်င္ အ ၿမဲ အ စဥ္ ဖြင့္ ထား အပ္ ေသာ အ ရာ၊ ေဖာ္ ထား အပ္ ေသာ အ ရာ၊ ဒါ ေၾကာင့္ တန္ ခိုး ကို ကိုယ္ စား ျပဳ တဲ့ လက္ ဝဲ ဘက္ ကို သ ကၤန္း နဲ႔ ဖုံး ထား ရတယ္။

ပ ညာ ကို ကို ယ္ စား ျပဳ တဲ့ လက္ ယာ ဘက္ ကို ေတာ့ ဖြင့္ ျပ ထား ရ တယ္၊ ေဖာ္ ထား ရတယ္

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး

credit to uploader

Facebook Comments