uktyytkg

အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားပါ

အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ

ကျွန်တော် ကုတင်ပေါမှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ် ။

အသင့်အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံလှပတဲ့ မျက်နှာလေးကို ကျွန်တော်သေချာ ကြည့်နေရင်းကနေ အတွေးတစ်ချို့ဝင်လာပြီး ကျွန်တော်တစ်ယောက်ထဲ ကျွန်တော့ဟာကျွန်တော် တွေးနေမိတယ်။

မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ? ကျွန်တော်နဲ့ မင်္ဂလာမ​ဆောင်ခင်​က မိဘ အသိုင်းအဝိုင်းရဲ့ အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာ နေပြီကြီးပြင်းလာခဲ့တယ်။

အခုကြ တစ်ချက်ထဲ ရုတ်တရက်မှာပဲ သိတောင်မသိထားတဲ့ သူစိမ်းတစ်ယောက်ရဲ့ ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ် ။

ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေလာတဲ့ မိဘ​တွေကိုစွန့်​့့ခွာလာတယ်​။

ကျွန်တော့ကို ပင်ပင်ပန်းပန်းပြုစုပြီးရင် ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ် ။

ပြီတော့ ကျွန်တော့ကိုကျွန်တော် မေးခွန်းအချို့မေးနေမိတယ်။

ဒါလည်းပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မသနား မညှာမတာ မိမိရဲ့ဇနီးမိန်းမကို ရိုက်နက်နိုင်နေကြတာလဲ…?

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက နှစ်ဘဝအတွက် ရည်ရွယ်ပြီလာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ …?

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့သားသမီးတွေကို အိမ်မှာထားပြီ သူငယ်ချင်းတွေနဲ့ Hotelတွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေကြတာ…

တစ်နေ့လုံး ယောက်ျားလာမှ အတူတူစားမယ်ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ …?

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကိုထောင်လိုလုပ်ထားလိုက်ကြပြီး ကိုယ်တိုင်ကြတော့ အိမ်ကို အများသုံးအိမ်သာလိုလာချင်တဲ့အချိန်လာ သွားချင်တဲ့အချိန်သွား ဖြစ်နေရတာလဲ

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိမိဇနီးကို မျက်ရည်စတွေနဲ့ ညတွေကို ့ဖြတ်သန်းစေနေတာလဲ …?

တစ်ချို့ တစ်ချို့က မိန်းမ မိသားစုကို အချိန်မပေးဘဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံးလိုက်နေကြတယ် ။ မိသားစုမှာ ဖခင်ရဲ့နွေးထွေးမှု့ဆိုတာ သားသမီးတွေ သိခွင့်မရတော့တာ ဘာ့ကြောင့်လဲ …?

ဘယ်လိုဖြစ်လို့ ယောက်ျားတွေ တာဝန်ခံပြီး တာဝန်မယူကြတော့တာလဲ ? ပြေးမယ်ဆိုလည်းပြေး ဘယ်အထိပြေးကြမလဲ …?

ဒီလိုတွေ တွေးပြီ နောက်ဆုံးအဲ့ဒီညမှာ ကျွန်တော်တွေးလိုက်တယ် ။ ကျွန်တော့မှာ အမေရှိတယ် …

ကျွန်တော့မှာ မိန်းမလည်းရှိတယ် ။ ကျွန်တော်သူတို့နှစ်ယောက်စလုံးကို ဂုဏ်​ယူ​လေးစားသင့်တယ် …

မိန်းမကို ကြင်နာရင်း မိဘကိုရိုသေရင်းပေါ့

ဘာ့ကြောင့်လဲဆိုရင် သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ရင်းပြီ လောကကို ခေါ်ဆောင်လာခဲ့တယ်…

နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့အနားကို လာခဲ့တဲ့သူပါ…

အမေဆိုတာလည်း တစ်ချိန်က မိန်းမဖြစ်ခဲ့တယ်

လက်ရှိဘေးနားမှာ ရှိနေတဲ့မိန်းမဆိုတာကလည်း တစ်ချိန်မှာ အမေဖြစ်အုံးမှာမို့ အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ”

နားလည်နိုင်ကြပါစေ ။ မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်် တစ်သက်တာ ပျော်ရွှင်စွာနေသွားကြရပါစေ ။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခွက်ဒစ်ပေးပါသည်

အေမ့ကို တန္ဖိုးထားသလို မိန္းမကိုလည္း တန္ဖိုးထားပါ

အေမ့ကို တန္ဖိုးထားသလို မိန္းမကိုလည္း တန္ဖိုးထားျကပါ …

က်ြန္ေတာ္ ကုတင္ေပါမွာ မအိပ္ခ်င္ေသးပဲ လွဲလိုက္မိတယ္ ။

အသင့္အိပ္ေပ်ာ္ေနရွာတဲ႕ က်ြန္ေတာ့ရဲ႕ အားႏြဲ႕ႏြဲ႕ ခ်စ္ဇနီးေလးရဲ႕ ႏူးညံလွပတဲ႕ မ်က္နွာေလးကို က်ြန္ေတာ္ေသခ်ာ ျကည့္ေနရင္းကေန အေတြးတစ္ခ်ိဳ႕ဝင္လာျပီး က်ြန္ေတာ္တစ္ေယာက္ထဲ က်ြန္ေတာ့ဟာက်ြန္ေတာ္ ေတြးေနမိတယ္။

မိန္းကေလးဆိုတာ ဘယ္လိုပါလိမ့္ ? က်ြန္ေတာ္နဲ႔ မဂၤလာမ​ေဆာင္ခင္​က မိဘ အသိုင္းအဝိုင္းရဲ႕ အခ်စ္ေတြနဲ႕ ထိန္းသိမ္းမႈ႕ေအာက္မွာ ေနျပီျကီးျပင္းလာခဲ႕တယ္။

အခုျက တစ္ခ်က္ထဲ ရုတ္တရက္မွာပဲ သိေတာင္မသိထားတဲ႕ သူစိမ္းတစ္ေယာက္ရဲ႕ ေဘးမွာ အမိန္႕နာခံရင္းနဲ႕ အိပ္စက္ေနရျပန္တယ္ ။

က်ြန္ေတာ့ေျကာင့္ တစ္သက္လံုး အတူေနလာတဲ႕ မိဘ​ေတြကိုစြန္႔​႔့ခြာလာတယ္​။

က်ြန္ေတာ့ကို ပင္ပင္ပန္းပန္းျပဳစုျပးီရင္ က်ြန္ေတာ့ရဲ႕ မေျပာပေလာက္တဲ႕ စကားေလးေတြနဲ႕ သူေပ်ာ္ေနျပန္တယ္ ။

ျပီေတာ့ က်ြန္ေတာ့ကိုက်ြန္ေတာ္ ေမးခြန္းအခ်ိဳ႕ေမးေနမိတယ္။

ဒါလည္းပဲ ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕လူေတြက မသနား မညႇာမတာ မိမိရဲ႕ဇနီးမိန္းမကို ရိုက္နက္နိုင္ေနျကတာလဲ…?

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕လူေတြက နွစ္ဘဝအတြက္ ရည္ရြယ္ျပီလာခဲ႕သူကို တစ္ဘဝေတာင္ မကုန္ေသးဘူး စိတ္ကုန္သြားျကတာလဲ …?

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕လူေတြက မိန္းမနဲ႕သားသမီးေတြကို အိမ္မွာထားျပီ သူငယ္ခ်င္းေတြနဲ႕ Hotelေတြမွာ အစားအေသာက္ေကာင္းေတြ စားေသာက္ေနျကတာ…

တစ္ေန႔လံုး ေယာက္်ားလာမွ အတူတူစားမယ္ဆိုျပီး ထမင္းဝိုင္းေလး အသင့္နဲ႕ ကေလးေတြကို လက္ေဆးေပးျပီး ထိုင္ေစာင့္ေနတဲ႕ မိန္းမကို ဘာလို႕ ေမ့ေနရျပန္တာလဲ …?

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြက မိန္းမအတြက္ေတာ့ အိမ္ကိုေထာင္လိုလုပ္ထားလိုက္ျကျပီး ကိုယ္တိုင္ျကေတာ့ အိမ္ကို အမ်ားသံုးအိမ္သာလိုလာခ်င္တဲ႕အခ်ိန္လာ သြားခ်င္တဲ႕အခ်ိန္သြား ျဖစ္ေနရတာလဲ

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြက မိမိဇနီးကို မ်က္ရည္စေတြနဲ႕ ညေတြကို ့ျဖတ္သန္းေစေနတာလဲ …?

တစ္ခ်ိဳ႕ တစ္ခ်ိဳ႕က မိန္းမ မိသားစုကို အခ်ိန္မေပးဘဲ လမ္းေပၚမွာပဲ အခ်ိန္ေတြကို ကုန္ဆံုးလိုက္ေနျကတယ္ ။ မိသားစုမွာ ဖခင္ရဲ႕ေႏြးေထြးမႈ႕ဆိုတာ သားသမီးေတြ သိခြင့္မရေတာ့တာ ဘာ့ေျကာင့္လဲ …?

ဘယ္လိုျဖစ္လို႔ ေယာက္်ားေတြ တာဝန္ခံျပီး တာဝန္မယူျကေတာ့တာလဲ ? ေျပးမယ္ဆိုလည္းေျပး ဘယ္အထိေျပးျကမလဲ …?

ဒီလိုေတြ ေတြးျပီ ေနာက္ဆံုးအဲ႕ဒီညမွာ က်ြန္ေတာ္ေတြးလိုက္တယ္ ။ က်ြန္ေတာ့မွာ အေမရွိတယ္ …

က်ြန္ေတာ့မွာ မိန္းမလည္းရွိတယ္ ။ က်ြန္ေတာ္သူတို႕နွစ္ေယာက္စလံုးကို ဂုဏ္​ယူ​ေလးစားသင့္တယ္ …

မိန္းမကို ျကင္နာရင္း မိဘကိုရိုေသရင္းေပါ့

ဘာ့ေျကာင့္လဲဆိုရင္ သူတို႕နွစ္ေယာက္ထဲက တစ္ေယာက္က က်ြန္ေတာ့ကို အသက္နဲ႕ရင္းျပီ ေလာကကို ေခၚေဆာင္လာခဲ႕တယ္…

ေနာက္တစ္ေယာက္က တစ္ေလာကလံုးကို စြန္႔ခြာျပီး က်ြန္ေတာ့အနားကို လာခဲ႕တဲ႕သူပါ…

အေမဆိုတာလည္း တစ္ခ်ိန္က မိန္းမျဖစ္ခဲ႕တယ္

လက္ရွိေဘးနားမွာ ရွိေနတဲ႕မိန္းမဆိုတာကလည္း တစ္ခ်ိန္မွာ အေမျဖစ္အံုးမွာမို႔ အေမ့ကို တန္ဖိုးထားသလို မိန္းမကိုလည္း တန္ဖိုးထားျကပါ”

နားလည္နိုင္ျကပါေစ ။ မိသားစုတိုင္း မိသားစုတိုင္း တစ္ဦးနဲ႕တစ္ဦး ခ်စ္ခ်စ္ခင္ခင္္ တစ္သက္တာ ေပ်ာ္ရႊင္စြာေနသြားျကရပါေစ ။မူရင္းေ၇းသားသူအား ေလးစားစြာျဖင့္ ခြက္ဒစ္ေပးပါသည္

Facebook Comments