10 3

ဒီဇင္ဘာလဖြားေတြရဲ႕ ထူးျခားတဲ့ ေမြးရာပါအက်င့္စ႐ိုက္နဲ႔ သူမတူတဲ့ အားသာခ်က္ (၁၀) ခ်က္

သင္ေမြးဖြားတဲ့ လက သင့္ရဲ႕ အေၾကာင္းေတြကို ေျပာျပေပးႏိုင္တယ္ဆိုတာ သင္သိပါသလား။

ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆံုးလျဖစ္တဲ့ ဒီဇင္ဘာလမွာ ေမြးဖြားသူေလးေတြရဲ႕ ထူးျခားတဲ့ ေမြးရာပါအက်င့္စရိုက္နဲ႔ သူမတူတဲ့ အားသာခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ၾကည့္လိုက္ရေအာင္ေနာ္

(၁) ဒီဇင္ဘာလဖြားေလးေတြဟာ သင္ယူမႈပိုင္းမွာ အရမး္ကို အားသာၾကပါတယ္။ ဒီဇင္ဘာဖြားေလးေတြဟာ ဗဟုသုတအသစ္ေတြ၊ ရွာေဖြ စူးစမ္းမႈ အသစ္ေတြကို အျမဲတမး္လုပ္တတ္ၾကျပီး သင္ယူႏိုင္စြမး္ အရမး္ျမင့္တာေၾကာင့္ အရာရာတိုင္းကို သင္လြယ္တတ္လြယ္ၾကသူေတြျဖစ္ပါတယ္ေနာ္

(၂) ဒီဇင္ဘာဖြားေလးေတြဟာ သူတုိ႔သိတဲ့ အေၾကာင္းအရာေတြ၊ ဗဟုသုတေတြ၊ ပညာရပ္ေတြကို သူတစ္ပါးကို ေဝမွ်ဖုိ႔၊ သင္ေပးဖုိ႔ ဘယ္ေတာ့မွ တြန္႔ဆုတ္ေနမယ့္သူေတြ မဟုတ္ပါဘူး။ လူစံုတက္စံုနဲ႔ အသိပညာခ်င္း ဖလွယ္ရတာ၊ မတူညီတဲ့အေၾကာင္းအရာေတြကို ေဆြးေႏြးရတာ အရမး္ၾကိဳက္ႏွစ္သက္ၾကပါတယ္။

(၃) ဒီဇင္ဘာဖြားေလးေတြဟာ စိတ္ကူးယဥ္ထက္ လက္ေတြ႔လုပ္ေဆာင္တတ္ၾကသူေတြျဖစ္ျပီး၊ ဘဝနဲ႔ပတ္သက္လာရင္ လက္ေတြ႔သမားေတြျဖစ္ၾကပါတယ္။

မိန္းကေလးေတြက ဆိုးတဲ့ေကာင္ေလးေတြကို ပိုခ်စ္ရျခင္းအေၾကာင္းရင္း (၅) ခ်က္

(၄) ဒီဇင္ဘာဖြားေလးေတြဟာ တစ္ဖက္သားရဲ႕ အားနည္းခ်က္ကို ေလွာင္ေျပာင္ရယ္ေမာေနမယ့္ သူမ်ိဳးေတြ လံုးဝမဟုတ္ပါဘူး။ အေၾကာင္းကေတာ့ ကိုယ္ခ်င္းစာတရား အျပည့္ရွိတဲ့သူေတြ ျဖစ္လို႔ပါ။

(၅) ဒီဇင္ဘာဖြားေတြဟာ အခ်စ္ကို ပြင့္ပြင့္လင္းလင္း ထုတ္ျပတတ္သူေတြျဖစ္ျပီး ခ်စ္သူကို ႏွလံုးသားအၾကြငး္မဲ့နဲ႔ ခ်စ္တတ္တဲ့ အခ်စ္ၾကီးသူေတြျဖစ္ပါတယ္။

(၆) သူတုိ႔ေတြဟာ စိတ္ခံစားခ်က္ေနာက္ကိုပဲ အျမဲလိုက္ေနမယ့္သူေတြ မဟုတ္ပါဘူး။ လုပ္သင့္တာနဲ႔ လုပ္ခ်င္တာကို ေကာင္းမြန္စြ ာခြဲျခားတတ္ျပီး ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္စြမး္ ျမင့္မားသူေတြျဖစ္ပါတယ္။ ကိုယ့္ကုိယ္ကို ယံုၾကည္မႈ အျပည့္ရွိတဲ့သူေတြလညး္ ျဖစ္ပါတယ္။

(၇) သူတုိ႔ဟာ ငယ္စဥ္ကတည္းက ရင့္က်က္တဲ့စိတ္ကုိ ပိုင္ဆိုင္ထားတာေၾကာင့္ သူတုိ႔ထက္ အငယ္ေတြဆီမွာပဲျဖစ္ျဖစ္၊ အၾကီးေတြနဲ႔ပဲျဖစ္ျဖစ္ အားလံုးနဲ႔အဆင္ေျပေအာင္ ေပါင္းသင္းဆက္ဆံႏိုင္စြမး္ ရွိတဲ့သူေတြ ျဖစ္ပါတယ္။ အရမး္အကင္းပါးျပီး တစ္ဖက္သားရဲ႕ စိတ္ကို အလြယ္တကူ ထိုးေဖာက္ျမင္ႏိုင္စြမး္ ရွိသူေတြပါ။

အရမ္းခ်စ္ခဲ့ဖူးတဲ့သူ တစ္ေယာက္ကုိ မျဖစ္မေန ေမ့ပစ္ရေတာ့မယ္ ဆိုရင္ ဒါေလးေတြကို သတိရေပးပါ

(၈) ဒီဇင္ဘာဖြားေလးေတြဟာ Free Spirit လို႔ေခၚတဲ့ လြတ္လြတ္လပ္လပ္သမားေတြ ျဖစ္တာေၾကာင့္ သူတုိ႔ကို ထိန္းခ်ဳပ္လုိ႔မရပါဘူး။ လြတ္လပ္မႈကို ဘဝမွာအေရးၾကီးဆံုးလို႔ ခံယူထားသူေတြျဖစ္ပါတယ္။ အျမဲတမ္းေပ်ာ္ေပ်ာ္ေနတတ္ျပီး ေဘာင္ေတြ၊ စည္းေတြေအာက္မွာ မေနခ်င္သူေတြျဖစ္ပါတယ္။

(၉) ဒီဇင္ဘာဖြားေလးေတြကို လူၾကားသူၾကားထဲမွာ အျမဲတမး္ေတြ႕ရမွာမဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူတုိ႔ဟာ တစ္ေယာက္တည္း ကိုယ္ပိုင္အခ်ိန္ေလးနဲ႔ ေအးေအးေဆးေဆး ေနခ်င္တဲ့သူေတြ ျဖစ္ေနလို႔ပါ

(၁၀) ဒီဇင္ဘာဖြားေလးေတြဟာ လူတိုင္းနဲ႔ေတာ့ အဆင္ေျပေအာင္ ေပါငး္သင္းေနထိုင္တယ္ ဆိုေပမယ့္ လူတုိင္းကုိေတာ့ သူငယ္ခ်င္းလို႔ သတ္မွတ္မထားပါဘူး။ တကယ္ခင္ရတဲ့ သူငယ္ခ်င္းအနညး္ငယ္ကိုသာ ပိုင္ဆိုင္ထားသူေတြျဖစ္ပါတယ္

Em Em

Unicode

————————–

ဒီဇင်ဘာလဖွားတွေရဲ့ ထူးခြားတဲ့ မွေးရာပါအကျင့်စရိုက်နဲ့ သူမတူတဲ့အားသာချက် (၁၀) ချက်

သင်မွေးဖွားတဲ့ လက သင့်ရဲ့ အကြောင်းတွေကို ပြောပြပေးနိုင်တယ်ဆိုတာ သင်သိပါသလား။

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ မွေးဖွားသူလေးတွေရဲ့ ထူးခြားတဲ့ မွေးရာပါအကျင့်စရိုက်နဲ့ သူမတူတဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်လိုက်ရအောင်နော်

(၁) ဒီဇင်ဘာလဖွားလေးတွေဟာ သင်ယူမှုပိုင်းမှာ အရမ်းကို အားသာကြပါတယ်။ ဒီဇင်ဘာဖွားလေးတွေဟာ ဗဟုသုတအသစ်တွေ၊ ရှာဖွေ စူးစမ်းမှု အသစ်တွေကို အမြဲတမ်းလုပ်တတ်ကြပြီး သင်ယူနိုင်စွမ်း အရမ်းမြင့်တာကြောင့် အရာရာတိုင်းကို သင်လွယ်တတ်လွယ်ကြသူတွေဖြစ်ပါတယ်နော်

(၂) ဒီဇင်ဘာဖွားလေးတွေဟာ သူတို့သိတဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေ၊ ပညာရပ်တွေကို သူတစ်ပါးကို ဝေမျှဖို့၊ သင်ပေးဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမယ့်သူတွေ မဟုတ်ပါဘူး။ လူစုံတက်စုံနဲ့ အသိပညာချင်း ဖလှယ်ရတာ၊ မတူညီတဲ့အကြောင်းအရာတွေကို ဆွေးနွေးရတာ အရမ်းကြိုက်နှစ်သက်ကြပါတယ်။

(၃) ဒီဇင်ဘာဖွားလေးတွေဟာ စိတ်ကူးယဉ်ထက် လက်တွေ့လုပ်ဆောင်တတ်ကြသူတွေဖြစ်ပြီး၊ ဘဝနဲ့ပတ်သက်လာရင် လက်တွေ့သမားတွေဖြစ်ကြပါတယ်။

မိန်းကလေးတွေက ဆိုးတဲ့ကောင်လေးတွေကို ပိုချစ်ရခြင်းအကြောင်းရင်း (၅) ချက်

(၄) ဒီဇင်ဘာဖွားလေးတွေဟာ တစ်ဖက်သားရဲ့ အားနည်းချက်ကို လှောင်ပြောင်ရယ်မောနေမယ့် သူမျိုးတွေ လုံးဝမဟုတ်ပါဘူး။ အကြောင်းကတော့ ကိုယ်ချင်းစာတရား အပြည့်ရှိတဲ့သူတွေ ဖြစ်လို့ပါ။

(၅) ဒီဇင်ဘာဖွားတွေဟာ အချစ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြတတ်သူတွေဖြစ်ပြီး ချစ်သူကို နှလုံးသားအကြွင်းမဲ့နဲ့ ချစ်တတ်တဲ့ အချစ်ကြီးသူတွေဖြစ်ပါတယ်။

(၆) သူတို့တွေဟာ စိတ်ခံစားချက်နောက်ကိုပဲ အမြဲလိုက်နေမယ့်သူတွေ မဟုတ်ပါဘူး။ လုပ်သင့်တာနဲ့ လုပ်ချင်တာကို ကောင်းမွန်စွ ာခွဲခြားတတ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားသူတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့သူတွေလည်း ဖြစ်ပါတယ်။

(၇) သူတို့ဟာ ငယ်စဉ်ကတည်းက ရင့်ကျက်တဲ့စိတ်ကို ပိုင်ဆိုင်ထားတာကြောင့် သူတို့ထက် အငယ်တွေဆီမှာပဲဖြစ်ဖြစ်၊ အကြီးတွေနဲ့ပဲဖြစ်ဖြစ် အားလုံးနဲ့အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနိုင်စွမ်း ရှိတဲ့သူတွေ ဖြစ်ပါတယ်။ အရမ်းအကင်းပါးပြီး တစ်ဖက်သားရဲ့ စိတ်ကို အလွယ်တကူ ထိုးဖောက်မြင်နိုင်စွမ်း ရှိသူတွေပါ။

အရမ်းချစ်ခဲ့ဖူးတဲ့သူ တစ်ယောက်ကို မဖြစ်မနေ မေ့ပစ်ရတော့မယ် ဆိုရင် ဒါလေးတွေကို သတိရပေးပါ

(၈) ဒီဇင်ဘာဖွားလေးတွေဟာ Free Spirit လို့ခေါ်တဲ့ လွတ်လွတ်လပ်လပ်သမားတွေ ဖြစ်တာကြောင့် သူတို့ကို ထိန်းချုပ်လို့မရပါဘူး။ လွတ်လပ်မှုကို ဘဝမှာအရေးကြီးဆုံးလို့ ခံယူထားသူတွေဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်ပြီး ဘောင်တွေ၊ စည်းတွေအောက်မှာ မနေချင်သူတွေဖြစ်ပါတယ်။

(၉) ဒီဇင်ဘာဖွားလေးတွေကို လူကြားသူကြားထဲမှာ အမြဲတမ်းတွေ့ရမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ တစ်ယောက်တည်း ကိုယ်ပိုင်အချိန်လေးနဲ့ အေးအေးဆေးဆေး နေချင်တဲ့သူတွေ ဖြစ်နေလို့ပါ

(၁၀) ဒီဇင်ဘာဖွားလေးတွေဟာ လူတိုင်းနဲ့တော့ အဆင်ပြေအောင် ပေါင်းသင်းနေထိုင်တယ် ဆိုပေမယ့် လူတိုင်းကိုတော့ သူငယ်ချင်းလို့ သတ်မှတ်မထားပါဘူး။ တကယ်ခင်ရတဲ့ သူငယ်ချင်းအနည်းငယ်ကိုသာ ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်

Em Em

Facebook Comments