8 3

မိးသတ်သမား ဦးလေးကြောင့် ကျောင်းပြန်နေခွင့် ရသွားပြီဖြစ်တဲ့ ရေသန့်ဘူးကောက်တဲ့ ကလေး ( ရုပ်သံ )


erte 1 ခုတစ်ခါမှာလည်း အဲဒီမီးသတ်သမားဦးလေးကြီးက ရေသန့်ဘူးကောက်တဲ့ ကောင်လေးရဲ့ မိဘတွေနဲ့ တွေ့ဆုံပြီး အလှူရှင်တွေလှူဒါန်းထားတဲ့ ငွေတွေကို ပေးအပ်ခဲ့ပါတယ်….. ရေသန့်ဘူးကောက်တဲ့ ကောင်လေးဟာ ဆင်းရဲလွန်းလို့ မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ လေးစားဖွယ် ကလေးတစ်ယောက်ဖြစ်ပါတယ်

frr


tetge



sferw




Source : Htin Lin Aung

unicode

———————–

ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ လူကြည့်များခဲ့တဲ့ ဗီဒီယိုဖိုင်လေးရှိပါတယ်…အဲတာကတော့ မီးသတ်သမားဦးလေးကြီးက ညဘက်ရေသန့်ဘူးကောက်တဲ့ ကလေးလေးကို ကားတွေမတိုက်မိအောင် ရောင်ပြန်ပါတဲ့ အင်းကျီတွေဆင်ပေး..မုန့်တွေ ငွေတွေ ပေးပြီး ကူညီနေတဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်…

ခုတစ်ခါမှာလည်း အဲဒီမီးသတ်သမားဦးလေးကြီးက ရေသန့်ဘူးကောက်တဲ့ ကောင်လေးရဲ့ မိဘတွေနဲ့ တွေ့ဆုံပြီး အလှူရှင်တွေလှူဒါန်းထားတဲ့ ငွေတွေကို ပေးအပ်ခဲ့ပါတယ်….. ရေသန့်ဘူးကောက်တဲ့ ကောင်လေးဟာ ဆင်းရဲလွန်းလို့ မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ လေးစားဖွယ် ကလေးတစ်ယောက်ဖြစ်ပါတယ်

သူ့မိဘတွေဟာ ကလေး ၂ ယောက်ရှိတာဖြစ်ပြီးတော့ ဆင်းရဲသူတွေပါ….အဲတာကြောင့် ကလေးလေးဟာ ၃ တန်းကနေထွက်ခဲ့ရပြီး ခုလို စားဝတ်နေရေးအတွက် ရေသန့်ဘူးကောက်နေရတာပဲ ဖြစ်ပါတယ်…အဲတာကြောင့် စာနာသနားစိတ်ရှိတဲ့ မီးသတ်သမားကြီးက ကလေးလေးကို ကူညီပေးခဲ့ပြီးတော့ အလှူရှင်တွေလည်း လှူဒါန်းနိုင်ဖို့ အကူအညီတောင်းခံပေးခဲ့တာပါ…. ခုအဲဒီအလှူငွေတွေကို သူ့ရဲ့ မိဘတွေဆီ ပေးအပ်ခဲ့တာဖြစ်ပြီးတော့ ကလေးကို ကျောင်းထားဖို့ပါ တိုက်တွန်းမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်….လိုတာတွေရှိရင် ကူညီမယ်လို့ ဆိုပြီး တစ်လစားဖို့ ဆန်ဖိုးလည်း ပေးအပ်ခဲ့ပါတယ်

ဒီအကြောင်းလေးကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်မှာ လူကြည့်များနေပြီး မီးသတ်သမားဦးလေးကြီးကို ဝိုင်းဝန်းချီးကျူးနေကြပါတယ်….

ကျနော်တို့ နိုင်ငံမှာ ကျောင်းနေချင်ပေမဲ့ ခုလို စားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး ရှာဖွေနေရတဲ့ ကလေးငယ်တွေ ရှိပါတယ်….ခုလိုမီးသတ်သမားဦးလေးကြီးရဲ့ စေတနာထက်သန်စွာနဲ့ ကူညီမှုက စာသင်ရမဲ့ အရွယ်သာရှိသေးတဲ့ ကလေးတစ်ယောက်ကို ကျောင်းကို ပြန်ပို့ပေးနိုင်ခဲ့ပါပြီ

ပရိသတ်ကြီးတို့လည်း ခုလို စိတ်စေတနာကောင်းပြီး လုပ်ရပ်မှန်တဲ့ မီးသတ်သမားဦးလေးကြီးကို ဂုဏ်ပြုနိုင်အောင် ခုလိုပြန်လည်မျှဝေပေးရတာပါ…..အောက်မှာ မီးသတ်သမားကြီးက ကလေးလေး မိဘတွေကို တွေ့ဆုံ ကူညီနေတဲ့ လူကြည့်များနေတဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW Shwe Yaung Lan

Source : Htin Lin Aung

Facebook Comments