2 6
  • အွန်လိုင်းမှာ လူကြည့်များနေတဲ့ မုန့်ဖက်ထုပ် ရောင်းတဲ့ ကောင်လေးရဲ့ အက ဗီဒီယိုဖိုင်

အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။

ဘဝမှာ ဖြစ်ချင်သလို မဖြစ်တဲ့အခါ ဖြစ်သင့်တာကို လုပ်လိုက်ရတဲ့ အခိုက်အတန့်တွေလူတိုင်းမှာ ရှိတတ်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားတဲ့ မြန်မာနိုင်ငံမှာဝါသနာထက် ဝမ်းစာကို ဦးစားပေးရတဲ့လူများစွာဟာ အသက်အရွယ်မျိုးစုံနဲ့ ရှိနေတတ်ပါတယ်။

ပင်ကိုယ်ဗီဇဝါသနာက သီချင်းအဆိုကောင်းပြီး အဆိုတော် ဖြစ်လိုပေမယ့် ဝမ်းရေးကြောင်း လမ်းဘေးမှာ မုန့်ရောင်းနေရသူတွေ အများအပြားပါပဲနော်။

77381497 1765728720227492 3981098932913569792 o ကလေးငယ်တွေဟာလည်း ကစားပျော်ပါးရမယ့်အရွယ် ၊ ကျောင်းနေရမယ့် အရွယ်တွေမှာ မိသားစုဝမ်းရေးအတွက် တစ်ဖက်တစ်လမ်းက ကျရာတာဝန်ကိုထမ်းရင်း မိသားစု ပြဿနာအတွက် ရုန်ကန်နေကြရတာအားလုံးမြင်တွေ့ကြမှာပါ။

လ္ဘက်ရည်ဆိုင်မှာ ၊ ဘီယာဆိုင်မှာ ၊ လမ်းဘေးမှာပန်းရောင်းတာ ၊ သတင်းစာရောင်းတာအဆုံးအမြင်ရဆုံးပါပဲနော်။

iopio

အခုတစ်လောမှာလည်း လူမှုကွန်ရက်မှာ လူကြည့်များနေတဲ့ မုန့်ဖက်ထုပ်ရောင်းတဲ့ ကလေးရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုရှိပါတယ်။ ကလေးက အက ဝါသနာပါသူ ၊ ပါရမီရှိသူလို့ပြောရမှာပါ။

မြင်ယုံနဲ့ ခက်ခဲတဲ့ underground အကွက်တွေကို ကနိုင်တယ်ဆိုတာမခက်ပေမယ့် လွယ်တော့မလွယ်ကူပါဘူးနော်။သူက မုန့်ဖက်ထုပ်ရောင်းရင် သူများကနေတာကို အမြဲငေးနေခဲ့တာတဲ့။

ဒါနဲ့ ကချင်လား ဝင်ကကြည့်လေဆိုပြီးတော့ ကခိုင်းကြည့်ရမှာတော့ မယုံနိုင်လောက်ဖွယ် ပါရမီကိုတွေ့မြင်ကြရပါတယ်။ သူနာမည်ကဝင်းအောင်ပါ။

သူဟာ မိသားစု ဝမ်းရေးအတွက် ညဘက်ဆိုရင် မုန့်ဖက်ထုပ်အရောင်းထွက်ပါတယ်။ သူက အခြားကလေးတွေလို အတင်းထိုးရောင်းတာမျိုးတော့မဟုတ်ပါဘူး။

ဒါပေမယ့် သူ့ကိုတွေ့ရင် အားပေးကြပါ။ သူက ကုန်မှပြန်ရတဲ့ Target နဲ့ရောင်းခိုင်းတာကြောင့်ပါ။

ဒီလို ကလေးမျိုး တွေကို သေချာပြုစုပျိုးထောင်ပေးနိုင်ရင် သူ့အတွက်လည်း ဝါသနာပါရာကို လုပ်ခွင့်ရသလို အနုပညာရှင် အကပညာရှင်တစ်ယောက်လည်း ဖြစ်လာနိုင်တာမို့ ကလေးတွေရဲ့ အိပ်မက်ကို အလေးထားနိုင်ကြစေဖို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်နော်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)

Facebook Comments