9 2
ကာမလိမ်လည်မှုနဲ့ပြန်လည်တရားစွဲဆိုလိုက်တဲ့ မိုးအောင်ရင်ရဲ့ချစ်သူကောင်မလေး
555
Unicode
——————————-
ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်ကတော့ မူးယစ်ဆေးဝါးအမှုနဲ့ သုံးနှစ်တာ ထောင်ထဲမှာ ပေးဆပ်ခဲ့ရတဲ့ မိုးအောင်ရင်တစ်ယောက်ကတော့ အခုလက်ရှိမှာ အသိတရားရပြီး ဘဝကို ပြန်လည်ပြင်ဆင်နေထိုင်နေပြီဖြစ်ပါတယ် ။ ဖခင်ဖြစ်သူ အောင်ရင်နဲ့အတူတူ ပွဲတွေတက်ရောက်ပြီး အနုပညာအလုပ်တွေ ပြန်လုပ်ကိုင်ဖို့အစပျိုး နေပြီပဲဖြစ်ပါတယ်။ လက်ရှိ အချစ်ရေးအခြေနေအနေနဲ့တော့ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ ချစ်သူနဲ့လမ်းခွဲပြတ်စဲလိုက်ပြီလို့ပရိသတ်တွေကို တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ် ။
444
ကာမလိမ်လည်မှုနဲ့သရုပ်ဆောင်မိုးအောင်ရင်ကို ရည်စားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တယ်လို့ သက်ဆိုင်ရာတရားရုံးကပြောကြားခဲ့ပါတယ် ။ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းဖြစ်သူအမျိုးသမီးက နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ရန်ကင်းမြို့နယ် တရားရုံးကို လာရောက်ပြီး သရုပ်ဆောင်မိုးအောင်ရင်ကသူမကို လက်ထပ်မယ်လို့ ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိတဲ့အတွက် လာရောက်ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရှိရပါတယ် ။
222 1
အခုလို တရားစွဲဆိုခဲ့ပြီး ရန်ကင်းမြို့နယ်တရားရုံးက တရားလိုဖြစ်သူ မိုးအောင်ရင်ရဲ့ရည်းစားဟောင်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ သိရှိရပါတယ် ။
Source : Eleven Media Group
Molly ( Cele Connections)
Facebook Comments