” ဆိုးရွားနေတဲ့ ကျန်းမာရေးအခြေအနေကို ရင်ဖွင့်လာတဲ့ ခင်သဇင် “
ပရိသတ်ကြီးရေ ပရဟိတမင်းသမီးလေး ခင်သဇင်ကတော့ လတ်တလောမှာ သူမကျန်းမာရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာရဲ့ My Day မှာ ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။မကြာသေးမီကလည်း သူမအစအဆုံး ကူညီထောက်ပံ့ခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် ဆုံးပါးသွားမှုကြောင့် သူမအနေနဲ့ ခံစားချက်တွေ ရှိနေမှာ ဖြစ်ပြီး နာရေးကိစ္စအဝဝကိုလည်း အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပါသေးတယ်။
ခင်သဇင်ကတော့ ကျန်းမာရေးကို အထူးလိုက်စားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ဘော်ဒီကိုလည်း ထိန်းသိမ်းတဲ့ မင်းသမီးလေးတစ်လက်လို့ဆိုရမှာပါ။အခုလက်ရှိမှာတော့ ” Gym မှာမူးလဲ ..အခြေအနေတွေမကောင်း ..နားမှရတော့မယ် ။ မနက်ဖြန်လည်း ရိုက်ကူးရေးရှိ ..ဘာလုပ်ရမှန်းမသိ ” ဆိုကာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ ဖော်ပြခဲ့တာပါ။
စိတ်ထားကောင်းပြီး ပရဟိတ လုပ်ငန်းတွေကိုဆက်တိုက်လုပ်နေတဲ့ မင်းသမီးလေး အမြန်ဆုံး ကျန်းမာရေးကောင်းဖို့ အမြန်ဆုံးကျန်းမာပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးလည်း ခင်သဇင် အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေ များများလုပ်နိုင်ဖို့အတွက် ကျန်းမာရေးကောင်းဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။
Source : KhinThazin / Credit CeleConnections