7 9

သင့်ချစ်သူက ဒီလိုအပြုအမူတွေလုပ်တတ်တယ်ဆိုရင်တော့ ဖြတ်လိုက်တာအကောင်းဆုံးပါ…

စိတ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းမှုရှိနေတဲ့ ဆိုက်ကိုပါ့သ်ဆိုရင် စိတ္တဇလူသတ်သမားတွေကို ပြောတာပဲလို့ ထင်တတ်ကြပါတယ်..

တကယ်တော့ လူတစ်ယောက်ဟာ ဘယ်သူမှသတိမထားမိဘဲ ဆိုက်ကိုပါ့သ်တစ်ယောက်ဖြစ်နေနိုင်ပြီး သူ့အပြုအမူတွေကိုကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။

အထူးသဖြင့် အချစ်ရေးနဲ့ပတ်သက်လို့ ဒီလိုအပြုအမူမျိုးတွေ ရှိနေတယ်ဆိုရင် ဒီလူတစ်ယောက်က ဆိုက်ကိုပါ့သ်တစ်ယောက်ဖြစ်နေနိုင်ပြီး သူ့ဘေးမှာရှိတဲ့သူအနေနဲ့ အနာဂတ်မှာ ပျော်ရွှင်ရဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် အခုဖော်ပြမယ့် အချက်တွေနဲ့ သင့်ချစ်သူနဲ့တိုက်ဆိုင်နေတယ်ဆိုရင် သင်တို့အချစ်ရေးနဲ့ပတ်သက်လို့ သေချာအချိန်ယူစဉ်းစားပြီး ဆုံးဖြတ်ဖို့ လိုနေပါပြီနော် …. ။

(၁) စိတ်ရှုပ်ထွေးအောင်အမြဲလုပ်တတ်တယ်…

စိတ်ပိုင်းဆိုင်ရာမှာ ပုံမမှန်တဲ့သူတွေဟာ တခြားသူတွေနဲ့ မတူတဲ့ အပြုအမူ၊ တုံ့ပြန်မှုတွေ လုပ်တတ်ပါတယ်။

သူ့ချစ်သူဖြစ်တဲ့ သင့်ကို ပျော်ရွှင်အောင်လုပ်ပေးဖို့ထက် စိတ်ညစ်အောင်လုပ်တတ်ပါတယ်။ ပေးထားတဲ့ကတိကို လွယ်လွယ်လေးဖျက်ပစ်တတ်ပြီး အဲ့ဒါအတွက် စိတ်မကောင်းဖြစ်ရတဲ့ အမူအရာမျိုးလုပ်ပြတတ်ပါတယ်

အဲ့ဒီအချိန်မှာ ကိုယ်က သူ့အပေါ်အပြစ်တင်လိုက်ရင်ပဲ သူဒီလောက်စိတ်မကောင်းဖြစ်နေတာကိုတောင် အပြစ်တင်ရက်တယ်ဆိုပြီး သူ့အပြစ်က ကိုယ့်အပြစ်ဖြစ်သွားပါတယ်။ အဲ့ဒီလိုမျိုး မကြာခဏလုပ်ပါလိမ့်မယ် …. ။

(၂) လွှမ်းမိုးချုပ်ကိုင်ဖို့ကြိုးစားတယ်…

ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့၊ ဒီလိုမ၀တ်နဲ့၊ ဒီလူတွေနဲ့မပေါင်းနဲ့…အဲ့ဒီလို ချုပ်ချယ်တာမျိုးတွေ လုပ်တတ်တယ်။

နောက်ကြာလာတဲ့အခါ ကိုယ်ဘာလုပ်လုပ် သူ့ကိုအသိပေးပြီးမှ လုပ်ရတဲ့ အနေအထားအထိရောက်လာပါလိမ့်မယ်။ ဒါဟာ သူ့ဘက်က သင့်ကို ထိန်းချုပ်ဖို့ကြိုးစားနေတာပါ ….. ။

(၃) ဘာပဲဖြစ်ဖြစ်သင့်ကိုပဲအပြစ်တင်တတ်တယ်…

နှစ်ယောက်ကြားမှာပြဿနာဖြစ်တာလည်း သင့်အပြစ်ဖြစ်ပြီး ၊ ကိုယ်လုပ်လိုက်လို့ တစ်ခုခုအဆင်မပြေဖြစ်တာမျိုးကိုလည်း လုံးဝသုံးစားလို့ မရတော့တဲ့လူတစ်ယောက်ဖြစ်အောင်

အပြစ်တင်တတ်တာမျိုးတွေ လုပ်တတ်ရင်၊ ကြာလာလေ ကိုယ့်ကိုယ်ကို အပြစ်ရှိနေတဲ့သူတစ်ယောက်လိုခံစားရလေဖြစ်လာရင်၊ ကုန်ကုန်ပြောရရင် သူ့ကို ချစ်မိနေတာကိုလည်း အပြစ်တစ်ခုလို

ခံစားလာရပြီဆိုရင်တော့ သေချာပေါက် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့သူတစ်ယောက်နဲ့ တွဲမိနေပါပြီ …. ။

(၄) မိသားစု၊သူငယ်ချင်းတွေနဲ့ ဝေးကွာအောင်လုပ်တယ်…

သင့်အနေနဲ့ ကိုယ့်ချစ်သူနဲ့နီးဖို့အတွက် မိသားစု၊သူငယ်ချင်းတွေနဲ့ ဝေးဖို့မလိုပါဘူး။ သူ့ဘက်က သင့်ကို သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ မဆက်သွယ်ရဘူးလို့ ပြောတာမျိုးထက်

တဖြည်းဖြည်းဝေးသွားအောင် တွန်းအားပေးတာ၊ သင်တို့တွေကြား အဆင်မပြေမှုတွေဖြစ်အောင် ဖန်တီးတာမျိုးတွေ လုပ်ပါလိမ့်မယ် …. ။

(၅) သင့်ရဲ့အပြစ်တွေ၊ အားနည်းချက်တွေကိုမှတ်ထားတယ်…

လူတိုင်းက အမှားမကင်းပါဘူး၊ ပြီးတော့ ချစ်ရင်ခွင့်လွှတ်ရမှာပဲ ဆိုတာမျိုးလည်း တစ်ဖက်သတ်ကြီးပြောလို့မရပါဘူး။

ဒါပေမယ့် သူကတော့ သင်လုပ်ဖူးသမျှ အပြစ်တွေ၊ သင့်အားနည်းချက်တွေကို တစ်ခုမကျန် မှတ်ထားပြီး ပြဿနာဖြစ်တိုင်း အဲ့ဒါတွေကို နှိမ်စရာလို ထောက်ပြပြောဆိုနေတာမျိုး

သင့်စိတ်ထဲမှာ သင့်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်လို့ သိမ်ငယ်စိတ်ဝင်လာအောင် လုပ်တာမျိုးတွေ ရှိနေရင် သင့်အနေနဲ့ ဒီအချစ်ရေးနဲ့ပတ်သက်လို့ ပြန်စဉ်းစားစေချင်ပါတယ်…. ။

(၆) အရှုံးသမားတစ်ယောက်ဖြစ်တယ်…

သူက သင့်ကို အကြောင်းအမျိုးမျိုးပြပြီး သိမ်ငယ်အောင် လုပ်ပေမယ့်၊ စိတ်အနှောင့်အယှက်အမျိုးမျိုးပေးတတ်ပေမယ့် သူကိုယ်တိုင်ကတော့ ပညာရေးမှာ

အလုပ်ခွင်မှာနဲ့ တခြားနယ်ပယ်တော်တော်များများမှာ လူရာမ၀င်တဲ့ အရှုံးသမားတစ်ယောက်ဖြစ်နေတယ်ဆိုရင် သေချာပါတယ်။

သူဟာ အဲ့ဒီလို အရှုံးသမားခံစားချက်တွေနဲ့ပတ်သက်လို့ စိတ်ဒဏ်ရာရှိနေတာကြောင့် အပေါ်က အပြုအမူတွေ လုပ်နေတာမျိုးဖြစ်နိုင်ပါတယ်။

Em

Facebook Comments