ghmgh

စကားနည်းတဲ့သူ၊ အေးအေးဆေးဆေးနေတတ်သူလေးတွေကို လူတောမတိုးဘူး၊ ပျင်းစရာကောင်းတယ်လို့ ထင်နေမယ်ဆိုရင် မှားသွားပါလိမ့်မယ်နော်။ စကားနည်းပြီး အေးဆေးတဲ့သူတွေမှာ ထင်မထားတဲ့အရည်အချင်းတွေ၊ အစွမ်းအစတွေကိုပိုင်ဆိုင်ထားတာကြောင့် သူတို့ကိုချစ်သူအဖြစ်ရွေးချယ်မယ်ဆိုရင် ဒီလို ကောင်းကျိုးတွေ သေချာပေါက်ရပါလိမ့်မယ်။

(၁) အကောင်းဆုံးရင်ဖွင့်ဖော်လေး

yjyj

စကားနည်းပြီး အေးဆေးတဲ့သူမို့ သင်ပြောသမျှတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးလိမ့်မယ်။ သင့်ရဲ့မကျေနပ်ချက်တွေကို ကောင်းကောင်းနားထောင်ပေးပြီး သင်မဖြေရှင်းနိုင်ဖြစ်နေတဲ့ပြဿနာတွေအတွက် အကောင်းဆုံးအကြံတွေပေးပါလိမ့်မယ်။ အကောင်းဆုံးအချက်ကတော့ သင့်အားနည်းချက်ကိုပြောပြထားရင်တောင် ဒါကိုအသုံးချပြီး အနိုင်ယူမယ့်သူတွေမဟုတ်တာပါပဲ

(၂) သူတို့ကြောင့်စိတ်ရှုပ်ရတယ်လို့သိပ်ရှိမှာမဟုတ်ဘူး

စကားနည်းပြီး အေးဆေးတဲ့သူတွေဟာ အတွေးသမားတွေဖြစ်ပြီး ကိုယ့်ကိုယ်ကို နားလည်တယ်၊ ကိုယ်ဖြစ်ချင်တာဘာလဲသိတယ်၊ ဒါကြောင့် တွေဝေမှုနည်းပြီး ပြတ်သားတယ်။ ဒီတော့ သူတို့တွေ မပြတ်မသားလုပ်လို့၊ မရှိရှိတဲ့ပြဿနာကိုပြဿနာလုပ်ပြီး လိုက်ရစ်လို့ စိတ်ရှုပ်ရတာမျိုး၊ အလွန်အမင်း သဝန်တိုလို့ စိတ်ကျဉ်းကျပ်ရတာမျိုးတွေ ရှိမှာမဟုတ်ပါဘူး။

(၃) ကိုယ်နဲ့တွေ့ချိန်မှာ ကိုယ့်အပေါ်အာရုံအပြည့်အဝစိုက်မယ့်သူ

ကိုယ်နဲ့တွေ့တဲ့အချိန် တခြားတစ်ယောက်နဲ့ဖုန်းပြောတာ၊ မက်ဆေ့ပို့နေတာ၊ ဖုန်းသုံးနေတာတွေ လုပ်ဖို့နည်းပြီး ကိုယ့်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်မယ့်သူမျိုးပါ။

(၄) အငြင်းမပွားဘဲအလျှော့ပေးမယ့်သူ

ဒီတိုင်းစကားပြောရမှာတောင် မပြောတာ၊ ငြင်းခုန်ရမယ့် အလုပ်ဆို ပိုမလုပ်ချင်ဘူးပေါ့။ ဒါကြောင့် အကြောင်းအရာတစ်ခုအတွက် အငြင်းပွားလာရင်တောင် ကြာကြာငြင်းခုန်နေမှာမဟုတ်ဘဲ သင့်ကို အလျှော့ပေးမယ့်သူ၊ သင့်အကြိုက် လိုက်မယ့်သူမျိုးဖြစ်ပါတယ်။

(၅) ကိုယ့်ဆီက ဘာကိုမှထွေထွေထူးထူးမမျှော်လင့်သူ

အေးဆေးတဲ့သူတွေဟာ များသောအားဖြင့် အပေးသမားတွေဖြစ်ပြီး ကိုယ့်ချစ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးရိမ်သူ၊ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာအောင်ထားချင်သူ၊ ကိုယ့်ဆီက ဘာပြန်ရရမယ်ဆိုပြီး မမျှော်လင့်တတ်တဲ့သူမျိုးဖြစ်ပါတယ်။

Credit Aunty MAY

————————–

စကားနည္းတဲ့သူ၊ ေအးေအးေဆးေဆးေနတတ္သူေလးေတြကို လူေတာမတိုးဘူး၊ ပ်င္းစရာေကာင္းတယ္လို႕ ထင္ေနမယ္ဆိုရင္ မွားသြားပါလိမ့္မယ္ေနာ္။ စကားနည္းျပီး ေအးေဆးတဲ့သူေတြမွာ ထင္မထားတဲ့အရည္အခ်င္းေတြ၊ အစြမ္းအစေတြကိုပိုင္ဆိုင္ထားတာေၾကာင့္ သူတို႕ကိုခ်စ္သူအျဖစ္ေရြးခ်ယ္မယ္ဆိုရင္ ဒီလို ေကာင္းက်ိဳးေတြ ေသခ်ာေပါက္ရပါလိမ့္မယ္။

(၁) အေကာင္းဆံုးရင္ဖြင့္ေဖာ္ေလး

စကားနည္းျပီး ေအးေဆးတဲ့သူမို႕ သင္ေျပာသမွ်ေတြကို စိတ္ရွည္လက္ရွည္ နားေထာင္ေပးလိမ့္မယ္။ သင့္ရဲ႕မေက်နပ္ခ်က္ေတြကို ေကာင္းေကာင္းနားေထာင္ေပးျပီး သင္မေျဖရွင္းနိုင္ျဖစ္ေနတဲ့ျပႆနာေတြအတြက္ အေကာင္းဆံုးအၾကံေတြေပးပါလိမ့္မယ္။ အေကာင္းဆံုးအခ်က္ကေတာ့ သင့္အားနည္းခ်က္ကိုေျပာျပထားရင္ေတာင္ ဒါကိုအသံုးခ်ျပီး အနိုင္ယူမယ့္သူေတြမဟုတ္တာပါပဲ။

(၂) သူတို႕ေၾကာင့္စိတ္ရႈပ္ရတယ္လို႕သိပ္ရွိမွာမဟုတ္ဘူး

စကားနည္းျပီး ေအးေဆးတဲ့သူေတြဟာ အေတြးသမားေတြျဖစ္ျပီး ကိုယ့္ကိုယ္ကို နားလည္တယ္၊ ကိုယ္ျဖစ္ခ်င္တာဘာလဲသိတယ္၊ ဒါေၾကာင့္ ေတြေဝမႈနည္းျပီး ျပတ္သားတယ္။ ဒီေတာ့ သူတို႕ေတြ မျပတ္မသားလုပ္လို႕၊ မရွိရွိတဲ့ျပႆနာကိုျပႆနာလုပ္ျပီး လုိက္ရစ္လို႕ စိတ္ရႈပ္ရတာမ်ိဳး၊ အလြန္အမင္း သဝန္တိုလို႕ စိတ္က်ဉ္းက်ပ္ရတာမ်ိဳးေတြ ရွိမွာမဟုတ္ပါဘူး

(၃) ကိုယ္နဲ႕ေတြ႕ခ်ိန္မွာ ကိုယ့္အေပၚအာရံုအျပည့္အဝစိုက္မယ့္သူ

ကိုယ္နဲ႕ေတြ႕တဲ့အခ်ိန္ တျခားတစ္ေယာက္နဲ႕ဖုန္းေျပာတာ၊ မက္ေဆ့ပို႕ေနတာ၊ ဖုန္းသံုးေနတာေတြ လုပ္ဖို႕နည္းျပီး ကိုယ့္အေပၚမွာပဲ အျပည့္အဝ အာရံုစိုက္မယ့္သူမ်ိဳးပါ။

(၄) အျငင္းမပြားဘဲအေလွ်ာ့ေပးမယ့္သူ

ဒီတုိင္းစကားေျပာရမွာေတာင္ မေျပာတာ၊ ျငင္းခုန္ရမယ့္ အလုပ္ဆုိ ပိုမလုပ္ခ်င္ဘူးေပါ့။ ဒါေၾကာင့္ အေၾကာင္းအရာတစ္ခုအတြက္ အျငင္းပြားလာရင္ေတာင္ ၾကာၾကာျငင္းခုန္ေနမွာမဟုတ္ဘဲ သင့္ကို အေလွ်ာ့ေပးမယ့္သူ၊ သင့္အၾကိဳက္ လိုက္မယ့္သူမ်ိဳးျဖစ္ပါတယ္။

(၅) ကိုယ့္ဆီက ဘာကိုမွေထြေထြထူးထူးမေမွ်ာ္လင့္သူ

ေအးေဆးတဲ့သူေတြဟာ မ်ားေသာအားျဖင့္ အေပးသမားေတြျဖစ္ျပီး ကိုယ့္ခ်စ္သူ စိတ္အေႏွာင့္အယွက္ျဖစ္မွာစိုးရိမ္သူ၊ ကိုယ္ခ်စ္တဲ့သူကို စိတ္ခ်မ္းသာေအာင္ထားခ်င္္သူ၊ ကိုယ့္ဆီက ဘာျပန္ရရမယ္ဆိုျပီး မေမွ်ာ္လင့္တတ္တဲ့သူမ်ိဳးျဖစ္ပါတယ္။

Credit Aunty MAY

Facebook Comments