9 4

အရမ္းခ်စ္တဲ့ မိန္းကေလးဘက္က လုပ္မိတတ္ၾကတဲ့ အမွား (၅) မ်ိဳး…

Relationship တစ္ခုမွာ လိုက္နာရမယ့္ အရာေလးေတြ ရွိပါတယ္။ လူတိုင္း၊ အရာတိိုင္းမွာ ေဘာင္ေတြ၊ စည္းေတြရွိတဲ့အတြက္ အဲဒီ့အရာေလးေတြကို မေက်ာ္မိေစဖို႔ အထူးသတိျပဳရပါမယ္။ ဒီလိုသတိျပဳႏိုင္ဖို႔အတြက္ မိန္းကေလးဘက္ကေန လုပ္မိတတ္ၾကတဲ့ အမွားေလးကို ေဖာ္ျပေပးလိုက္ပါတယ္။ ဒီအမွားေလးေတြကို ျပင္လိုက္မယ္ ဆိုရင္ေတာ့ ခ်စ္သူဆီက အခ်စ္ေတြတိုးျပီး ရလာမွာျဖစ္ပါတယ္။

(၁) တြယ္ကပ္တာ

တစ္ခ်ိန္လံုးခ်စ္သူအနားက မခြာတာ၊ ဒါမွမဟုတ္ ခ်စ္သူကို မိမိအနားမွာပဲ ရွိေစခ်င္တာ လံုးဝမျဖစ္သင့္ပါဘူး။ လူေတြအားလံုး အထူးသျဖင့္ ေယာက်္ားေလးတိုင္းဟာ လြယ္လြယ္ျငီးေငြ႕တတ္တဲ့ သေဘာရွိပါတယ္။ ဒါေၾကာင့္ သူတို႔ကို တစ္ခ်ိန္လံုး တြယ္ကပ္ေနရင္ေတာ့ သင့္ကို ျငီးေငြ႕သြားမွာျဖစ္ျပီး အခ်စ္ေပါ့သြားတတ္ပါတယ္။ ဒါေၾကာင့္ တစ္ခါတေလ သူတို႔ကို အရမ္းလြမး္ရင္ေတာင္ အကြာအေဝးတစ္ခုကို ကိုယ့္ဘာသာ ဖန္တီးယူျပီး သူ႔ဘက္က အရင္လာပါေစ။

(၂) လွ်ိဳ႕ဝွက္သင့္တဲ့အရာကို ထုတ္ေျပာတာ

Relationship တစ္ခုမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္း ရွိတာအေကာင္းဆံုးျဖစ္ပါတယ္။ ဒါေပမယ့္လည္း အပြင့္လင္းလြန္ရင္ေတာ့ မေကာင္းပါဘူး။ ေျပာသင့္တဲ့ စကားနဲ႔ မေျပာသင့္တဲ့ စကားေတြကိုေသေသခ်ာခ်ာ ခြဲျခားသိတာ အေကာင္းဆံုးပါ။ လွ်ိဳ႕ဝွက္ထားသင့္တဲ့ အရာကို ထုတ္ေျပာမိတဲ့ အတြက္ေၾကာင့္ တစ္ေန႔မွာ သင္ေနာင္တအၾကီးအက်ယ္ ရႏိုင္ပါတယ္။

(၃) သဝန္တိုလြန္းတာ

ေယာက်္ားေလးတစ္ေယာက္က သူ႔ခ်စ္သူသဝန္တိုတာေလးကို ၾကိတ္ျပီး သေဘာက်ေနတတ္တယ္ ဆိုေပမယ့္လည္း ေတာ္ရံုပဲေကာင္းပါတယ္။ တစ္ခ်ိန္လံုး သူ႔ကို စြပ္စြဲျပီး ဟိုလူနဲ႔ သမုတ္၊ ဒီလူနဲ႕ သမုတ္ေနရင္ေတာ့ စိတ္ညစ္သြားမွာပါ။ သင္မပါပဲ သူတို႔သူငယ္ခ်င္းေတြခ်ည္းပဲ အခ်ိန္ယူတဲ့ အခါေတြလညး္ရွိမွာပဲ။ ဒါကို သြားျပီးအျပစ္မတင္ပါနဲ႕။ ကိစၥတိုင္းမွာ သင္ပါလုိ႔မရပါဘူး။ ဘယ္ေလာက္ရင္းႏွီးေနပါေစ ကိုယ့္ဘဝနဲ႕ကိုယ္ရွိတယ္ဆိုတာ သတိရပါ။

(၄) ေျပာင္းလဲဖို႔ၾကိဳးစားတာ

တစ္ခါတေလ တစ္ခ်ို႔အရာေတြက ေျပာင္းလဲလို႔ရတယ္ဆိုေပမယ့္ မေျပာင္းလဲႏိုင္ေတာ့တဲ့ အရာေတြကိုေတာ့ အရွိအတိုင္း လက္ခံေပးရပါမယ္။ ေမြးကတည္း ဒီအတိုင္းပဲ ျဖစ္လာတဲ့ ေနသားက်ျပီးသားဗီဇ တစ္ခုကို သူ႔အေနနဲ႔ ဘယ္လိုမွ မေျပာင္းလဲႏိုင္တာ သင္လက္ခံေပးရမွာပါ။ တစ္ခ်ိဳ႔အရာေတြကေတာ့ သူကေျပာင္းလဲဖို႔ ၾကိဳးစားတဲ့အခါ ႏွစ္ေတြခ်ီေအာင္ ၾကာေနတတ္ပါတယ္။ ဒါေၾကာင့္ အခ်ိန္တစ္ခုေတာ့ေပးလိုက္ပါ။ ဖိအားလံုးဝမေပးဖို႔ပဲ အဓိကပါ။

(၅) အာဏာရခ်င္တာ

မိန္းကေလးေတာ္ေတာ္မ်ားမ်ားက သူတို႔ခ်စ္သူကို အရမ္းႏိုင္ခ်င္ၾကပါတယ္။ ခ်စ္သူက အေလွ်ာ့ေပးတာဟာ အႏိုင္ယူဖို႔ မဟုတ္ပါဘူး။ သင့္ကို အရမ္းခ်စ္လို႔ အေလွ်ာ့ေပးေနတာကို အႏိုင္ယူစရာလို႔ ထင္ေနရင္ သင္အမွားၾကီးမွား သြားပါျပီ။ အျမဲတမ္းအႏိုင္ယူဖို႔ စဥ္းစားေနတယ္ နည္းနည္းေလးမွ အေလွ်ာ့မေပးခ်င္တဲ့ ခ်စ္သူမ်ိဳးကို သင္ဆိုရင္ေရာ သည္းခံႏိုင္မွာလား။

credit:Em Em(Auntymay)

unicode

————————

Relationship တစ်ခုမှာ လိုက်နာရမယ့် အရာလေးတွေ ရှိပါတယ်။ လူတိုင်း၊ အရာတိုင်းမှာ ဘောင်တွေ၊ စည်းတွေရှိတဲ့အတွက် အဲဒီ့အရာလေးတွေကို မကျော်မိစေဖို့ အထူးသတိပြုရပါမယ်။ ဒီလိုသတိပြုနိုင်ဖို့အတွက် မိန်းကလေးဘက်ကနေ လုပ်မိတတ်ကြတဲ့ အမှားလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအမှားလေးတွေကို ပြင်လိုက်မယ် ဆိုရင်တော့ ချစ်သူဆီက အချစ်တွေတိုးပြီး ရလာမှာဖြစ်ပါတယ်။

(၁) တွယ်ကပ်တာ

တစ်ချိန်လုံးချစ်သူအနားက မခွာတာ၊ ဒါမှမဟုတ် ချစ်သူကို မိမိအနားမှာပဲ ရှိစေချင်တာ လုံးဝမဖြစ်သင့်ပါဘူး။ လူတွေအားလုံး အထူးသဖြင့် ယောကျ်ားလေးတိုင်းဟာ လွယ်လွယ်ငြီးငွေ့တတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် သူတို့ကို တစ်ချိန်လုံး တွယ်ကပ်နေရင်တော့ သင့်ကို ငြီးငွေ့သွားမှာဖြစ်ပြီး အချစ်ပေါ့သွားတတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေ သူတို့ကို အရမ်းလွမ်းရင်တောင် အကွာအဝေးတစ်ခုကို ကိုယ့်ဘာသာ ဖန်တီးယူပြီး သူ့ဘက်က အရင်လာပါစေ။

(၂) လျှို့ဝှက်သင့်တဲ့အရာကို ထုတ်ပြောတာ

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိတာအကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပွင့်လင်းလွန်ရင်တော့ မကောင်းပါဘူး။ ပြောသင့်တဲ့ စကားနဲ့ မပြောသင့်တဲ့ စကားတွေကိုသေသေချာချာ ခွဲခြားသိတာ အကောင်းဆုံးပါ။ လျှို့ဝှက်ထားသင့်တဲ့ အရာကို ထုတ်ပြောမိတဲ့ အတွက်ကြောင့် တစ်နေ့မှာ သင်နောင်တအကြီးအကျယ် ရနိုင်ပါတယ်။

(၃) သဝန်တိုလွန်းတာ

ယောကျ်ားလေးတစ်ယောက်က သူ့ချစ်သူသဝန်တိုတာလေးကို ကြိတ်ပြီး သဘောကျနေတတ်တယ် ဆိုပေမယ့်လည်း တော်ရုံပဲကောင်းပါတယ်။ တစ်ချိန်လုံး သူ့ကို စွပ်စွဲပြီး ဟိုလူနဲ့ သမုတ်၊ ဒီလူနဲ့ သမုတ်နေရင်တော့ စိတ်ညစ်သွားမှာပါ။ သင်မပါပဲ သူတို့သူငယ်ချင်းတွေချည်းပဲ အချိန်ယူတဲ့ အခါတွေလည်းရှိမှာပဲ။ ဒါကို သွားပြီးအပြစ်မတင်ပါနဲ့။ ကိစ္စတိုင်းမှာ သင်ပါလို့မရပါဘူး။ ဘယ်လောက်ရင်းနှီးနေပါစေ ကိုယ့်ဘဝနဲ့ကိုယ်ရှိတယ်ဆိုတာ သတိရပါ။

(၄) ပြောင်းလဲဖို့ကြိုးစားတာ

တစ်ခါတလေ တစ်ချို့အရာတွေက ပြောင်းလဲလို့ရတယ်ဆိုပေမယ့် မပြောင်းလဲနိုင်တော့တဲ့ အရာတွေကိုတော့ အရှိအတိုင်း လက်ခံပေးရပါမယ်။ မွေးကတည်း ဒီအတိုင်းပဲ ဖြစ်လာတဲ့ နေသားကျပြီးသားဗီဇ တစ်ခုကို သူ့အနေနဲ့ ဘယ်လိုမှ မပြောင်းလဲနိုင်တာ သင်လက်ခံပေးရမှာပါ။ တစ်ချို့အရာတွေကတော့ သူကပြောင်းလဲဖို့ ကြိုးစားတဲ့အခါ နှစ်တွေချီအောင် ကြာနေတတ်ပါတယ်။ ဒါကြောင့် အချိန်တစ်ခုတော့ပေးလိုက်ပါ။ ဖိအားလုံးဝမပေးဖို့ပဲ အဓိကပါ။

(၅) အာဏာရချင်တာ

မိန်းကလေးတော်တော်များများက သူတို့ချစ်သူကို အရမ်းနိုင်ချင်ကြပါတယ်။ ချစ်သူက အလျှော့ပေးတာဟာ အနိုင်ယူဖို့ မဟုတ်ပါဘူး။ သင့်ကို အရမ်းချစ်လို့ အလျှော့ပေးနေတာကို အနိုင်ယူစရာလို့ ထင်နေရင် သင်အမှားကြီးမှား သွားပါပြီ။ အမြဲတမ်းအနိုင်ယူဖို့ စဉ်းစားနေတယ် နည်းနည်းလေးမှ အလျှော့မပေးချင်တဲ့ ချစ်သူမျိုးကို သင်ဆိုရင်ရော သည်းခံနိုင်မှာလား။

credit:Em Em(Auntymay)

Facebook Comments