55

သင့္ကို ဆြဲစားဖို႔သက္သက္သာ တြဲေနတဲ့ ဘဲေတြရဲ႕ လကၡဏာ (၅)ခ်က္

ခုေခတ္မွာ တစ္ခ်ိဳ႕ေယာက်္ားေလးေတြဟာ မိန္းကေလးေတြကို တဏွာစိတ္သက္သက္နဲ႔သာ တြဲတတ္ၾကပါတယ္။

ဒီလိုေယာက်္ားေလးေတြဟာ တကယ္ကို ယုတ္ညံံ့ျပီး ေအာက္တန္းက်သူေတြ ျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြကို ပတ္သက္မိ္ေနတဲ့ မိန္းကေလးေတြအေနနဲ႔ အျမန္ဆံုး ေနာက္လွည့္သင့္ပါတယ္။

သူတို႔ရဲ႕ အက်င့္စရိုက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သူဆက္သြယ္တဲ့ပံုစံ

သင့္ကုိ တဏွာစိတ္သက္သက္ေၾကာင့္ တြဲေနတဲ့သူဟာ သင့္ကို ဆက္သြယ္တဲ့အခါမွ တဏွာစိတ္နဲ့ဘဲ ဆက္သြယ္မွာပါ။ က်န္တဲ့အခ်ိန္ေတြက်ရင္ မအားဘူးတို႔၊ တစ္ခုခုအျမဲအေၾကာင္းျပျပီး သင့္ကို သိပ္ဂရုစိုက္မွမဟုတ္ပါဘူး။

ဒါေပမယ့္သင္နဲ႔ အတူတူ အိပ္ခ်င္တဲ့ အခ်ိန္က်ရင္ေတာ့ ေလသံခ်ိဳေတြနဲ႔ အခ်ိဳးတစ္မ်ိဳးေျပာင္းသြားတတ္တဲ့ သူမ်ိဳးျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးနဲ႔ ပတ္သက္မိေနရင္ေတာ့ အျမန္ဆံုး ေက်ာခိုင္းလိုက္တာ အေကာင္းဆံုးပါပဲ။

(၂) ခ်စ္လည္းမခ်စ္ဘူး ျဖတ္လည္းမျဖတ္ဘူး၊ ယူမယ္ေျပာတယ္.. ဘယ္ေတာ့မွန္းလဲ မသိဘူး

သင့္ကို တဏွာစိတ္သက္သက္နဲ႔ တြဲတဲ့သူဟာ သင့္ကို ခ်စ္တာေတြ၊ ၾကင္နာတာေတြ၊ ဂရုစိုက္တာေတြ သိပ္လုပ္မွာမဟုတ္ပါဘူး။

သင့္စိတ္ထဲမွာ သူရဲ႕ အခ်စ္နဲ႔ပတ္သက္ျပီး အျမဲတမ္း မေသခ်ာမေရရာ ျဖစ္ေနရမွာပါ။ သင့္ကိုသိပ္ခ်စ္ပံုလည္းမရဘူး ဒါေပမယ့္လည္း သင့္ကို ျဖတ္မွာမဟုတ္ပါဘူး။

အေၾကာင္းကေတာ့ သူလိုအပ္တဲ့အခ်ိန္တိုငး္ သင့္ကို ေခၚခ်င္လို႔ ၾကိဳးရွည္ရွည္နဲ႔ ဆြဲထားတဲ့ပံုစံမ်ိဳးပါပဲ…

(၃) သူနဲ႔ေတြ႔တိုင္းအိပ္ရတယ္

သင့္ခ်စ္သူနဲ႔သင္နဲ႔ေတြ႕တိုင္း လိင္ကိစၥပဲလုပ္ေနရတယ္။ ၾကာလာေတာ့ သင့္တာဝန္က သူနဲ႔အိပ္ေပးရံုသက္သက္ပဲ ျဖစ္လာေတာ့တယ္၊ သူနဲ႔ေတြ႔တိုင္းသင့္ကိုသင္ မသတီသလိုလို၊ ကိုယ့္ကိုယ္ကို စိတ္ပ်က္သလိုခံစားလာရတယ္။

ဒါဆိုရင္ေတာ့ ၾကာလာရင္ သင္ဟာ စိတ္က်ေရာဂါေတာင္ ရသြားႏုိင္တာေၾကာင့္ သင့္ကို လိင္ကိစၥသက္သက္ အသံုးခ်ရံုတြဲတဲ့ သူမ်ိဳးနဲ႔ ဆက္မပတ္သက္သင့္ေတာ့ပါဘူး။

(၄) ေပ်ာ္ရႊင္ခ်ိန္မရွိသေလာက္နညး္တယ္

ခ်စ္သူေတြသဘာဝ ေလွ်ာက္လည္တာေတြ၊ မုန္႔ေလွ်ာက္စားတာေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ၾကဆံုၾကတာ မ်ိဳးေတြလည္း ရွိမွာ မဟုတ္ပါဘူး။

သင္တို႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးမွာ ျဖဴစင္တဲ့ သံေယာဇဥ္၊ ခ်စ္ျခင္းေမတၱာေတြကို ခံစားရမွာမဟုတ္ပါဘူး။

သူ႔ရဲ႕ လိုတစ္မ်ိဳးမလိုတစ္မ်ိဳးဆက္ဆံပံုေၾကာင့္ အျမဲတမ္း စိတ္ဆင္းရဲေနရမွာပါသင္ဟာ ဒီလိုလူမ်ိဳးနဲ႔ ဆက္ျပီး ပပတ္သက္သင့္ေတာ့ပါဘူး။

(၅) သင့္ခံစားခ်က္ကို ဘယ္ေတာ့မွနားမေထာင္ေပးဘူး

သင့္ခ်စ္သူကို သင္ခံစားရတဲ့ အထီးက်န္မႈေတြ၊ သင့္ရဲ႕ျပသနာေတြ၊ သင္ၾကံဳေတြ႕ေနရတဲ့ အရာေတြကိုေျပာရင္ သူနားေထာင္ေပးခ်င္မွာမဟုတ္ပါဘူး။

သင္တို႔ႏွစ္ေယာက္ၾကားမွာ အနာဂတ္အတြက္ တိုင္ပင္တာေတြ၊ ရင္ဖြင့္တိုင္ပင္တာေတြ ရွိမွာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ကို လိင္ကိစၥသက္သက္တြဲတာေၾကာင့္ သင့္ျပသနာေတြကို ေဝမွ်ခံစားမေပးခ်င္လို႔ပါ။

မူးရင္းေရးသားသူ – EM EM

Unicode

—————————

ခုခေတ်မှာ တစ်ချို့ယောကျ်ားလေးတွေဟာ မိန်းကလေးတွေကို တဏှာစိတ်သက်သက်နဲ့သာ တွဲတတ်ကြပါတယ်။

ဒီလိုယောကျ်ားလေးတွေဟာ တကယ်ကို ယုတ်ညံံ့ပြီး အောက်တန်းကျသူတွေ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကို ပတ်သက်မိနေတဲ့ မိန်းကလေးတွေအနေနဲ့ အမြန်ဆုံး နောက်လှည့်သင့်ပါတယ်။

သူတို့ရဲ့ အကျင့်စရိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သူဆက်သွယ်တဲ့ပုံစံ

သင့်ကို တဏှာစိတ်သက်သက်ကြောင့် တွဲနေတဲ့သူဟာ သင့်ကို ဆက်သွယ်တဲ့အခါမှ တဏှာစိတ်နဲ့ဘဲ ဆက်သွယ်မှာပါ။ ကျန်တဲ့အချိန်တွေကျရင် မအားဘူးတို့၊ တစ်ခုခုအမြဲအကြောင်းပြပြီး သင့်ကို သိပ်ဂရုစိုက်မှမဟုတ်ပါဘူး။

ဒါပေမယ့်သင်နဲ့ အတူတူ အိပ်ချင်တဲ့ အချိန်ကျရင်တော့ လေသံချိုတွေနဲ့ အချိုးတစ်မျိုးပြောင်းသွားတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးနဲ့ ပတ်သက်မိနေရင်တော့ အမြန်ဆုံး ကျောခိုင်းလိုက်တာ အကောင်းဆုံးပါပဲ။

(၂) ချစ်လည်းမချစ်ဘူး ဖြတ်လည်းမဖြတ်ဘူး၊ ယူမယ်ပြောတယ်.. ဘယ်တော့မှန်းလဲ မသိဘူး

သင့်ကို တဏှာစိတ်သက်သက်နဲ့ တွဲတဲ့သူဟာ သင့်ကို ချစ်တာတွေ၊ ကြင်နာတာတွေ၊ ဂရုစိုက်တာတွေ သိပ်လုပ်မှာမဟုတ်ပါဘူး။

သင့်စိတ်ထဲမှာ သူရဲ့ အချစ်နဲ့ပတ်သက်ပြီး အမြဲတမ်း မသေချာမရေရာ ဖြစ်နေရမှာပါ။ သင့်ကိုသိပ်ချစ်ပုံလည်းမရဘူး ဒါပေမယ့်လည်း သင့်ကို ဖြတ်မှာမဟုတ်ပါဘူး။

အကြောင်းကတော့ သူလိုအပ်တဲ့အချိန်တိုင်း သင့်ကို ခေါ်ချင်လို့ ကြိုးရှည်ရှည်နဲ့ ဆွဲထားတဲ့ပုံစံမျိုးပါပဲ…

(၃) သူနဲ့တွေ့တိုင်းအိပ်ရတယ်

သင့်ချစ်သူနဲ့သင်နဲ့တွေ့တိုင်း လိင်ကိစ္စပဲလုပ်နေရတယ်။ ကြာလာတော့ သင့်တာဝန်က သူနဲ့အိပ်ပေးရုံသက်သက်ပဲ ဖြစ်လာတော့တယ်၊ သူနဲ့တွေ့တိုင်းသင့်ကိုသင် မသတီသလိုလို၊ ကိုယ့်ကိုယ်ကို စိတ်ပျက်သလိုခံစားလာရတယ်။

ဒါဆိုရင်တော့ ကြာလာရင် သင်ဟာ စိတ်ကျရောဂါတောင် ရသွားနိုင်တာကြောင့် သင့်ကို လိင်ကိစ္စသက်သက် အသုံးချရုံတွဲတဲ့ သူမျိုးနဲ့ ဆက်မပတ်သက်သင့်တော့ပါဘူး။

(၄) ပျော်ရွှင်ချိန်မရှိသလောက်နည်းတယ်

ချစ်သူတွေသဘာဝ လျှောက်လည်တာတွေ၊ မုန့်လျှောက်စားတာတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ကြဆုံကြတာ မျိုးတွေလည်း ရှိမှာ မဟုတ်ပါဘူး။

သင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဖြူစင်တဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေကို ခံစားရမှာမဟုတ်ပါဘူး။

သူ့ရဲ့ လိုတစ်မျိုးမလိုတစ်မျိုးဆက်ဆံပုံကြောင့် အမြဲတမ်း စိတ်ဆင်းရဲနေရမှာပါသင်ဟာ ဒီလိုလူမျိုးနဲ့ ဆက်ပြီး ပပတ်သက်သင့်တော့ပါဘူး။

(၅) သင့်ခံစားချက်ကို ဘယ်တော့မှနားမထောင်ပေးဘူး

သင့်ချစ်သူကို သင်ခံစားရတဲ့ အထီးကျန်မှုတွေ၊ သင့်ရဲ့ပြသနာတွေ၊ သင်ကြုံတွေ့နေရတဲ့ အရာတွေကိုပြောရင် သူနားထောင်ပေးချင်မှာမဟုတ်ပါဘူး။

သင်တို့နှစ်ယောက်ကြားမှာ အနာဂတ်အတွက် တိုင်ပင်တာတွေ၊ ရင်ဖွင့်တိုင်ပင်တာတွေ ရှိမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ကို လိင်ကိစ္စသက်သက်တွဲတာကြောင့် သင့်ပြသနာတွေကို ဝေမျှခံစားမပေးချင်လို့ပါ။

မူးရင်းရေးသားသူ – EM EM

Facebook Comments