8 4

ချစ်သူနဲ့ လက်မထပ်ရသေးပဲ အတူအိပ်ဖို့ စိတ်ကူးရှိနေရင် ဖတ်ကျိလိုက်ပါ…

ချစ်သူနဲ့ အိပ်ဖို့  စိတ်ကူး ရှိနေတဲ့ အပျိုစစ်စစ် မိန်းကလေးများ အားလုံး ဖတ်သင့်တယ်လို့ ထင်ပါတယ်.. မိန်းကလေး အားလုံး ဖတ်ရန်..

ရည်းစား ဖြစ်တာ (၁) ရက် မကြာဘူး living together က နေကြပြီလေ… တကယ်တော့ လက်မထပ် ရသေးပဲနဲ့ အတူတူ နေကြတာ မိန်းခလေး တစ်ယောက်အတွက် လုံးဝ တန်ဖိုး ကျသွားပါပြီ။

အပျိုစင် ဘဝ ဆိုတာ ယောင်္ကျားတိုင်းရဲ့ တန်ဖိုး ထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်။ အပျိုစင် ကနေ အအို ဖြစ်ဖို့ က (၅) မိနစ် မကြာပါဘူး။

ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက် ပြန်မရနိုင် တော့ပါဘူး။

ချစ်သူ ရှိခဲ့ရင်လည်း ဒီ အပျိုစင် ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူ သဘောပေါက်အောင် ပြောပြထားပါ။ ဒါမှမဟုတ် သူဘက်က လက်မခံဘူး။ စိတ်ခုသွားတယ် ဆိုရင်တော့ ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ် မချစ်တာ သေချာနေပါပြီ။

သေလောက်အောင် ချစ်နေပါစေ အပျိုစင် ဘဝကို ထိန်းသိမ်း ထားပါ။ ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ (၁၀၀) မှာ (၉၀) အထိ ရှိထားတာပါ …

ရည်းစားဦး ကတည်းက အပျိုစင် ဘဝကို ပေးထားခဲ့လို့ ။ အကြောင်း တစ်ခုခုကြောင့် သူနဲ့များ လွဲသွားခဲ့ရင် နောင်တစ်ချိန်မှာ ကိုယ်နဲ့ တကယ် လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှ နောင်တ အကြီးကြီး ရပါလိမ့်မယ် …

အဲကျ မှတော့ နောင်တ ရပါတယ် လို့ သိသွားလည်း နောက်ကျ သွားပါပြီ။ အခန့် မသင့်ရင် အိမ်ထောင်ရေး ပြသနာတွေတောင် သင် ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီး လို့ ကလေးတောင် (၃) ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ အတူတူ နေခဲ့တဲ့ video ဖိုင်တွေ Laptop ကနေ တဆင့်ပြန့် ပြီး အိမ်ထောင်ရေး ကွဲသွားခဲ့တာ တကယ် လက်တွေ့ ပါ။

အတု မယူသင့် တာတော့ အတု မယူပါနဲ့ ညီမတို့ ။ နောက်ထပ် တစ်ခုက အွန်လိုင်းမှာ Status တင်ရင်လည်း စောက်ဘာဖြစ် စောက်ညာ ဖြစ်တယ်…

အဲလို စောက်တွေ ထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့ လည်း တောင်းဆိုပါတယ်…

ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့ မသိပါ။ အများ အမြင်မှာ အရမ်း ရိုင်းတဲ့ မိန်းမ ဆိုတာတော့ လူတိုင်း အထင်သေးသွား တတ်ကြပါတယ်။

မိန်းမ တစ်ယောက်ရဲ့ တန်ဖိုး ဆိုတာ လှတာ ချမ်းသာ တာကို ပြောတာ မဟုတ်ပါဘူး ။ အပျိုစင် ဘဝကို ပြောထားတာပါ…

သေလောက်အောင် လှနေပါစေ လက်မထပ်သေးပဲ အအို ဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီ ဆိုတာ သတိ ရှိကြပါ ညီမငယ်တို့ Living Together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ကို ဘဝမှာ ဆင်ချင်နိုင် ကြပါစေ လို့ ဆုတောင်း ပေးပါတယ်။

အပျိုစင် ဘဝကို တန်ဖိုး ရှိစေချင်တယ်ဆို Share လေး လုပ်ပြီး အများသိအောင် ကူညီစေချင်ပါတယ်။

Swar Gyee

www.thutastar.net

Unicode

————————-
















Swar Gyee

www.thutastar.net

Facebook Comments