4 5

သင့်ကို ရူးရူးမူးမူးချစ်ပါတယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးတောင်မှ သင့်ကိုစွန့်ခွာသွားနိုင်တဲ့အကြောင်းရင်းများ

အမျိုးသမီးတွေဆိုတာလျှို့ဝှက်ဆန်းကြယ်ပီးခန့်မှန်းလို့မရနိုင်ဘူးဆိုတာ အမျိုးသားအများစုသိထားကြပါတယ်။ ဒါမဲ့ အဲ့ဒါကလဲ သူတို့ထွက်မသွားခင်အချိန်တစ်ခုတည်းအထိပါပဲ။ သင်အလုပ်မှာအလုပ်လုပ်နေစဉ် သူတို့ကတံခါးကိုဆောင့်ပိတ်ပီး သင့်ဘဝထဲကနေထာဝရ ထွက်သွားနိုင်ပါတယ်။ အဲ့တာနဲ့ပတ်သတ်ပီး အကြောင်းရင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။သင့်ကိုမှီခိုလို့မရနိုင်ဘူးလို့သူမခံစားရတယ်။

အမျိုးသမီးတိုင်းဟာ သူတို့လွတ်လပ်ခွင့်ကိုတန်ဖိုးထားနှစ်သက်တာနဲ့တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ယောက်အပေါ်မှီခိုအားထားချင်တဲ့စိတ်လေးကလဲရှိတတ်ပါတယ်။ ပီးတော့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အမျိုးသားကိုအင်မတန်လိုအပ်တဲ့အခိုက်အတန့်တွေရှိပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်နေစဉ်အချိန်လိုမျိုးပေါ့။ ယုံကြည်စိတ်ချလို့ရပီးအားကိုးလို့ရတဲ့သူမျိုးကသာ အမျိုးသမီးတစ်ဦးကိုစိတ်သက်တောင့်သက်သာဖြစ်အောင်ခံစားရစေတာဖြစ်ပါတယ်။

၂။သင့်ရဲ့လိုအပ်ချက်စံနှုန်းတွေနဲ့ကိုက်ညီအောင်နေရတာ သူမစိတ်ကုန်လာပီ။

ခန္ဓာကိုယ်အနေအထားကလဲ အမြဲလှပနေရအုံးမယ်။ အမြဲစိတ်ကြည်လင်နေရပီး ဟင်းကလဲကောင်းကောင်းချက်တတ်ရမယ်။ ပီးတော့ စာအုပ်စာပေမြင့်မြင့်တွေကိုလဲဖတ်နိုင်ရမယ်။ သင့်သူငယ်ချင်းတွေနဲ့အဆင်ပြေပြေပေါင်းသင်းတတ်ရမယ်။ ကဲ သင်ပဲစဉ်းစားကြည့်ပါ။ ဒီလိုလိုအပ်ချက်စာရင်းကြီးကမရှည်လွန်းဘူးလားလို့? တစ်ချိန်လုံးကြီး တစ်စုံတစ်ယောက်ရဲ့လိုအပ်ချက်စံနှုန်းတွေအတိုင်းကိုက်ညီနေအောင်လုပ်ဖို့ဆိုတာသိပ်ကိုပင်ပန်းလှပါတယ်။

၃။သင့်အတွက် သူမတစ်ယောက်တည်းသာလျှင်လို့မခံစားရတဲ့အခါ

ဒါဖောက်ပြန်တဲ့ကိစ္စမှာတင်မဟုတ်ပါဘူး။ အမျိုးသမီးတွေအတွက်ကတော့ သင် သူတို့ကိုချစ်တယ်ဆိုတာသူတို့မြင်နိုင်ပီးသင် အခြားအမျိုးသမီးတွေကိုမကြည့်ဘူးဆိုတာက သိပ်ကိုအရေးကြီးပါတယ်။

၎။သင့်ရဲ့သူမအပေါ်ယုံကြည်မှုမရှိတဲ့အပြုအမူတွေကိုစိတ်ကုန်သွားတဲ့အခါ

သူငယ်ချင်းတွေနဲ့သွားတွေ့ဖို့သင့်ဆီမှာ တစ်ပတ်လောက်ကြာအောင်ခွင့်တောင်းနေရတယ်။ ပီးတော့ သူငယ်ချင်းတွေနဲ့တွေ့နေတဲ့တစ်ညနေခင်းလုံးလဲ သင့်ဆီကလာတဲ့ဖုန်းတွေ messages တွေကို reply ပြန်နေရတယ်။ သင့်ရဲ့သံသယတွေကို နားထောင်ပီး တစ်ခုချင်းလိုက်ဖြေရှင်းနေရတာ Healthy Relationship တစ်ခုရဲ့လက္ခဏာတော့မဟုတ်ပါဘူး။ အဲ့လို relationship မျိုးကိုသဘောကျတဲ့မိန်းကလေးမျိုးကရှားပါတယ်။ သင်ကိုယ်တိုင်ကရော အဲ့လောက်တောင်မယုံနိုင်ဘူးဖြစ်နေရင် လမ်းခွဲပစ်လိုက်ရောပေါ့။

၅။မကောင်းတဲ့စိတ်ခံစားချက်တွေရဲ့ရင်းမြစ်ကသင်ဖြစ်နေတဲ့အခါ

သင်မပျော်တဲ့အခါ အမြဲဒီလိုဖြစ်နေတတ်ပီး အသစ်အသစ်တွေကိုလဲမကြိုးစားကြည့်ချင်ဘူး။ သင့်ချစ်သူမိန်းကလေးကပေးလာတဲ့အကြံတွေကိုလဲ ရူးကြောင်ကြောင်နိုင်တယ်ဆိုပီးလျစ်လျူရှုတယ်။ အဲ့အခါမှာ မိန်းကလေးတွေအနေနဲ့ ကိုယ့်ဘာကိုယ်ပဲဘဝကိုရှေ့ဆက်လျှောက်ဖို့ကြိုးစားလာကြပါတော့တယ်။

၆။သင်တို့ ၂ ယောက်က မတူညီတဲ့ကမ္ဘာ ၂ ခုစီကနေလာတဲ့အခါ

အစပိုင်းမှာတော့ အချစ်ပဲမြင်တဲ့အခါ ဘာကိုမှ သေချာမစဉ်းစားနိုင်ပဲ တစ်ဖက်စီရဲ့မိသားစုတို့ သူငယ်ချင်းတို့စတဲ့အရာတွေကိုလျစ်လျူရှုခဲ့ကြပါတယ်။ နောက်အတော်ကြာတော့မှ အချစ်တွေအေးစက်သွားတော့မှသာ ငါကသူ့သူငယ်ချင်းတွေနဲ့အဆင်မပြေဘူး။ မိဘတွေကိုသည်းမခံနိုင်ဘူး စတဲ့ပြဿနာတွေဖြစ်လာပါတော့တယ်။

၇။သင်ကအရမ်းကလေးဆန်တဲ့အခါ

သူမကကလေးယူချင်နေတဲ့အချိန် သင်ကတော့ သင့်သူငယ်ချင်းတွေနဲ့အတူဖူးခက်ကိုခရီးထွက်ချင်တယ်။ သိထားရမှာကအမျိုးသမီးတွေဟာ မရင့်ကျက်သေးတဲ့သူတွေနဲ့တော့ ကလေးတစ်ယောက်ယူချင်မှာမဟုတ်ပါဘူး။

၈။ဘာမှမရပဲပေးပဲပေးနေရတာကိုစိတ်ကုန်သွားတဲ့အခါ

ဘာမှလဲမရပဲ ကိုယ့်ဘက်ကအပေးချည်းပဲဖြစ်နေတယ်? ဒီလိုဆို relationship တွေအလုပ်မလုပ်ပါဘူး။

၉။သင်ဘာလိုချင်တယ်ဆိုတာသင်သိလားမသိလားဆိုတာ သူမလဲမသေချာတဲ့အခါ

အမြဲအစီအစဉ်တွေက အပြောပဲရှိပီး ဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့သူမျိုးကိုမမှီခိုချင်ကြပါဘူး။ တစ်ချိန်လုံးစိတ်ကအမျိုးမျိုးဖြစ်နေတဲ့သူနဲ့ဆို ဘာမှဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာမှာမဟုတ်ပါဘူး။

၁၀။အနာဂတ်အတွက်သင်တို့ ၂ ယောက်ရဲ့စိတ်ကူးတွေကမတူညီတဲ့အခါ

ဥပမာ သူမကဒီဇိုင်းပညာရပ်ကိုလေ့လာချင်ပီး ဘာသာစကားအသစ်တစ်ခုကိုလေ့လာပီး နိုင်ငံခြားမှာအလုပ်ရှာချင်တယ်။ သင်ကတော့ ကိုယ့်မြို့ကိုကိုယ်မစွန့်ခွာချင်ဘူး။ သင့်မိဘတွေနဲ့နီးတဲ့နေရာမှာအိမ်လေးဆောက်ပီးနေချင်တယ်။ အဲ့လိုအသီးသီးစိတ်ကူးတွေကမတူညီတဲ့အခါမှာလဲ ပြဿနာတစ်ခုဖြစ်လာပါတယ်။

Writer -Min Thu (Daily Hot News )

Facebook Comments